”ရတယ် မလိုဘူး
မင်းတို့ မမလေးကိုသာ ဂရုစိုက်ပြီး ကြည့်ထား
ငါ Kelvin နဲ့ ပြောစရာ စကားရှိလို့ ”

အဒေါ်ကြီးအပါအဝင် အခြားမိန်းကလေးအကူ တွေကိုပါ ပြောရင်း
Kelvin အမည်ရှိ ဆရာဝန်ကို လှမ်းကြည့်လိုက်သည်။

Kelvin နဲ့ အတူ အခန်းထဲက ထွက်လာစဉ်
အခန်းတံခါးနားအရောက်.. Baekhyun ဆက်မသွားဘဲ ရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။
Kelvin ကတော့ သူငယ်ချင်းဖြစ်သူ Baekhyun ရပ်လိုက်တာကြောင့် သူပါ ရပ်လိုက်၏ ။

အေးစက်စက် Baekhyun အသံက အခန်းတွင်းပျံ့နှံ့လို့်သွားသည်။

”အိမ်တော်ထိန်း!
နောက်တစ်ခါ ကျွန်တော်သောက်မဲ့ကော်ဖီကို ချိုရဲရဲတွေ မဖျော်နဲ့ .
မကြိုက်ဘူး
Black coffee ပဲဖျော်ပေး
နောက်တစ်ခါ အမှားမဖြစ်စေနဲ့
သတိပေးတာ ဒီတစ်ခါပဲ ရှိမယ် ”

”တောင်းပန်ပါတယ် သူဌေး
နောက်တစ်ခါ ဂရုစိုက်ပါ့မယ် ”

အခန်းတံခါးပိတ်သံနဲ့အတူ Sajanim ကတော့
ထွက်လို့သွားပြီ..။

”သူဌေးအတွက် ကော်ဖီက အမြဲ မမလေးပဲ ဖျော်ပေးတာကို အခုထိသူဌေးမသိဘူးလား!!
အခုမှ မမလေးသတိလစ်နေလို့ အိမ်တော်ထိန်းကြီးက ဖျော်ပေးရတာကို  ”

”နေနိုင်လိုက်တာ!!
ဒီလောက် မမလေး လဲကျသွားတာကိုတောင် သူဌေးက ကော်ဖီသောက်မပျက်ဘူး
မျက်နှာမှာ စိုးရိမ်စိတ်တစ်စက်တောင် ရှိမနေတာကြီးက သိသာလွန်းလိုက်တာဟာ ”

”မမလေး သနားပါတယ်
ဒီလောက် စိတ်သဘောထားဖြူစင်တဲ့ ငါတို့မမလေးကျမှ ကံမကောင်းရှာဘူး ”

အိမ်အကူ ကောင်မလေးသုံးယောက် စကားသံတွေ ကြားထဲ အိမ်ထိန်းအဒေါ်ကြီးက သက်ပြင်းငွေ့ငွေသာချလိုက်တော့သည်။

”မမလေး အဖေက သူဌေးတို့အိမ်က Driver လေ ...
သူဌေးက မမလေးကို မိဘတွေဆန္ဒကြောင့် မချစ်ဘဲ ယူထားရတာ
မမလေးအဖေက သူဌေးတို့ မိသားစုအပေါ် ကျေးဇူးရှိခဲ့တယ် ။
သခင်ကြီး အသက်ကို ကယ်ခဲ့တယ် ဆိုလားပဲ
အဲ့ဒီ့ ကျေးဇူးကြွေးကြောင့် မတတ်သာပဲ သူဌေးက ယူထားရတာ

မမလေးက ချစ်ပေမဲ့ သူဌေးကတော့ သုံးနှစ်လုံးလုံး တစ်ခါမှ မမလေးကို မကြည့်ခဲ့ဘူး
မကြာခင် သူတို့ အိမ်ထောင်သက် သုံးနှစ်ပြည့်တော့မယ် ။ ဝမ်းနည်းရဦးမဲ့ မမလေးကို ထပ်မြင်ရဦးတော့မှာပဲ ”

Just~~~{[Completed]}Where stories live. Discover now