လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်၍ တစ်ဖက်က ခရီးဆောင် အိတ်ကို ဆွဲ ကာ ကျနော်ဆီသို့လလမ်းလျှောက် လာနေသည်။

ကျနော့် ကိုယ်လှုပ်လို့မရတော့သလို ဘေးပတ်ဝန်း ကျင်မှာ သူနှင့် ကျနော် နှစ်ယောက် သာ ရှိနေသလိုပင်

*ဒုတ် ဒုတ် ဒုတ်*

ဟမ် ကျနော်ရင်တွေခုန်နေတာလား မဖြစ်နိုင်တာ

"ဟိတ် ချာတိတ် ဒီမှာဒီမှာ"

"ဟမ်"

ကျနော် မျက်နှာ ရှေ့ကို လက်ဖျောက် လာတီးမှ ကျနော် အသိဝင် ကာ ယောင်ရမ်း ကာ ထူးလိုက်မိခြင်းပင်

ရှက်လိုက်တာရှက်လိုက်တာ ကျနော်မျက်နှာကြီးတစ်ခုလုံးပူထူ လာပြီ ဘယ်လောက်တောင် ငေးနေမိလို့ အရှေ့ရောက်နေတာတောင် မသိရတာလည်း

Namjoom pov- ကျနော့်ရှေ့မှာ ရပ်နေတဲ့ အကောင်ပေါက် လေး

ကျပ်ကော ပြည့်ရဲ့ လား မသိဘူး ခေါ်မကြား အော် မကြားနဲ့ လူကြည့်တော့ခွေးပစ်တဲ့ဒုတ်လောက်ပဲရှိတယ်

အဝါရောင် hoodie လေးနဲ့ ဒူးလောက် သာဖုံးတဲ့ဘောင်းဘီလေး ကလေးကုလားနဲ့ကွာ ဒါပေမယ့် ချစ်ဖို့တော့ကောင်းသား

ကျနော်လှမ်းခေါ် လိုက်တော့ မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးအတိုင်းပဲ ခေါင်းကိုငုပ်သွားတာ ပြန်ကို မော့မကြည့်တော့

"ဟိတ် ကောင်လေး"

"ခဗျာ ခဗျာ ဟုတ်ကဲ့ ပြောပါ "

"မင်း က အကို့ ကို လာကြိုတာလား
မင်းလက်ထဲ အကို့ နာမည်ကဒ် ကိုင်ထားလို့"

ဒုက္ခ ဒီကောင်လေးနှယ် ပြူးပီးကြည့်နေပြန်ပီ ကျနော်ဒီနေ့အဖို့ အိမ်ရောက်ပါ့မလား မသိတော့ဘူး

"ကိုကို"

"ဟမ်!!!! "

ထိုနာမ်စား ထိုနာမ်စား ကိုသုံးတာ ညီလေး တစ်ယောက်ပဲရှိတယ် ညီလေးများလား

"Ji..jiminလား?"

ကျနော်မေးလိုက်တော့ အသဲသန်ခေါင်းငြိမ့်ပြ၏

"ကိုကို......"

ကျနော်အား ဖက်ကာ ငိုနေသည့် အကောင်ပေါက်လေး

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Where stories live. Discover now