ရစ်ပတ်နွယ်သော ချစ်မေတ္တာ (အဋ္ဌမပိုင်း) [အချပ်ပို ၁]

4.6K 409 30
                                    

အချပ်ပို ၁: ဝူသောင်မှ မွေးနေ့ပွဲအခမ်းအနား

ဟွာဟွမ်ရှိုတယောက် ဖန်ကျီကျင်းနောက်သို့လိုက်ကာ ကျိုဟွာဂိုဏ်းသို့ ရောက်လာသည်မှာ ၃လခန့်ပင် ကြာချေပြီ။

ဒီ၃လဆိုသောအချိန်သည် ကျိုဟွာဂိုဏ်းရှိ လူအကုန်အား ဟွာဟွမ်ရှို၏ ဂိုဏ်းတွင်းရာထူးအဆင့်ကို သိရှိရန် လုံလောက်ချေပြီလေ။

အဘယ်ကြောင့်ဆိုသော် ဖန်ကျီကျင်းသည် အရာ ၂ခုကို လုပ်ပြခဲ့သောကြောင့်ပင်။

ပထမတခုမှာ သူသည် ဟွာဟွမ်ရှို၏ လက်ဆွဲသေတ္တာနှင့်တကွ ပစ္စည်းအဝဝကို သူ့အခန်းတွင်းသို့ ထားထားခြင်း။

ဒုတိယတခုမှာ သူသည် ဟွာဟွမ်ရှိုကို ဂိုဏ်း၏ ငွေကြေးကိစ္စအရပ်ရပ်ကို လွှဲအပ်ထားခြင်း။

ပထမတချက်နှင့်ပင် ကျိုဟွာဂိုဏ်းမှလူတိုင်းသည် ဖန်ကျီကျင်းတို့ကို မသိလိုက်မသိဘာသာ နေလိုက်ကြလေသည်။ သူနှင့်တူတူနေနေသည့်လူမှာ မည်သူပင် ဖြစ်ဖြစ်လေ။ ဒီတိုက်ခိုက်ရေးလောကတွင် ထိုသို့အဖြစ်များကို မိမိတို့ တွေ့ကြုံပြီးသည်ဖြစ်ရာ လူတိုင်းသည် မူလပထမတော့ လန့်သွားကြကာ ကြာတော့လည်း ပုံမှန်ကိစ္စလိုပါပင်။

သို့သော်လည်း ဒုတိယအချက်မှာ မိမိတို့နှင့် ဆိုင်လေသည်။ ဆုန်းဘော်လင်နှင့် အခြားလူများသည် ထိုကိစ္စကို လူမြင်ကွင်းတွင်တမျိုး တိတ်တိတ်လေးတဖုံ အကြိမ်ပေါင်းများစွာ ကန့်ကွက်ကျလေသည်။ ပထမတော့ ဖန်ကျီကျင်းသည် ဓားကို ဆွဲထုတ်ကာ နေရောင်ပြသည့်သဘောနှင့် ထုတ်ထုတ်ပြလေသည်။ နောက်ပိုင်းကျတော့ ကန့်ကွက်သည့်သူတွေမှာ များများလာသောအခါ သူသည် ဓားကို ရွှမ်ခနဲထုတ်ကာ မြင်သူတကာ မှင်သက်အံ့သြသွားစေသော ရိုးရှင်းသည့် ဓားရေးဖြင့် သစ်ရွက်သစ်ခက်များကို ထိုသူတို့ရှေ့တွင်ပင် အပိုင်းပိုင်းပြတ်အောင်ခုတ်ကာ မြေပြင်ပေါ်သို့ ဖြန့်ကျဲပြလိုက်လေသည်။ ထိုအချိန်မှစကာ ကျိုဟွာဂိုဏ်းတခုလုံးသည် သူတို့ဂိုဏ်းချုပ်စကားကို မလွန်ဆန်တော့ပေ။

ဟွာဟွမ်ရှိုသည် ဖန်ကျီကျင်းကို ပြောထားဖူးသည့်အတိုင်း ဂိုဏ်း၏ ငွေရေးကြေးရေးကိစ္စများကို နေ့စဉ်နှင့်အမျှ တိုးပွားလာအောင် လုပ်ပေးနေလေသည်။ ဒါကြောင့်လည်း ကျိုဟွာဂိုဏ်းကလူတွေမှာ နောက်ထပ်အသံထပ်မထွက်လာတော့ခြင်းပင်။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon