မသိရသေးသော အမှန်တရား (ဆဋ္ဌမပိုင်း)

2.8K 448 24
                                    

T/N: ဒီအခန်းမှာ အဖြစ်အပျက်တွေက အရမ်းမြန်တဲ့အတွက် သေချာဖတ်ပေးစေချင်ပါတယ်။

Enjoy Yourself! 🤗🤗🤗

ပီရန်ဖုန် မေးလေသည်။

"ဒါမှမဟုတ် ကျိုဟွာဂိုဏ်းကို မင်းကတကယ်ပဲ အမြင့်တနေရာရောက်စေချင်ရဲ့လား"

ဖန်ကျီကျင်း ပြန်ဖြေလေသည်။

"ဒီဂိုဏ်းကို ပိုမြင့်တဲ့တနေရာကို ရောက်စေတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား"

"ကောင်းတဲ့ကိစ္စပါ၊ ဒါပေမယ့် လူတိုင်းကသဘောကျ နှစ်သက်တယ်ဆိုတဲ့ကိစ္စတိုင်းကလည်း မလိုအပ်ဘူးလေ၊ နောက်ထပ် လူတိုင်းသဘောကျတယ်ဆိုပေမယ့် မင်းသဘောပါဖို့ကလည်း လိုသေးတာပဲလေ"

ပီရန်ဖုန်ပြောစကားများသည် ပတ်ရှုပ်နေလေသည်။ သို့သော်လည်း ဖန်ကျီကျင်းကတော့ ချက်ချင်းနားလည်ပါသည်။

သူ ပြန်မေးလိုက်လေသည်။

"ကျွန်တော့်ဆန္ဒသဘောမပါဘူးလို့ ဘထွေးတော်ကို ဘယ်သူကပြောတာလဲ"

"ဘာလို့လဲဆိုတော့ မင်းက ဒုတိယပုလုံလျန်လိုလူ ဘယ်တော့မှ ဖြစ်ချင်လာမှာ မဟုတ်လို့ပဲလေ"

ဒီနေရာမှာ သိသိသာသာပဲ ပီရန်ဖုန်ရဲ့စကားအသုံးအနှုန်းတွေဟာ အရင်ဂိုဏ်းချုပ်ဟောင်းပုလုံလျန်ကို လေးစားမှုတစက်မှ မပါချေ။

ဖန်ကျီကျင်း တိတ်သွားလေသည်။

"ငါ သူနဲ့ ကလေးဘဝထဲက ဒီကျိုဟွာဂိုဏ်းမှာ တူတူကြီးပြင်းလာခဲ့တာ၊ သူက ဉာဏ်ကောင်းတယ်၊ မျှော်လင့်ချက်ကြီးမားတယ်၊ ပြီးတော့ တိုက်ရည်ခိုက်ရည်သွေးကလည်း သူ့မှာအပြည့်ပဲ၊ သူ့ကို ကြည့်လိုက်ရင်ကို သာမန်လူတွေနဲ့ ကွဲထွက်နေတာကို တွေ့ရလိမ့်မယ်"

ပီရန်ဖုန် သက်ပြင်းချလိုက်လေသည်။

"သူ့ဘဝအခုလို အဆုံးသတ်သွားရတယ်ဆိုတာ သူရွေးချယ်လိုက်တဲ့ မှားယွင်းတဲ့လမ်းကြောင့်ပဲ"

ဖန်ကျီကျင်း၏ ခန္ဓာကိုယ် ဆတ်ခနဲတုန်သွားလေသည်။ သူ့မျက်ဝန်းအိမ်ထဲမှ သန်းပေါင်းများစွာသော စူးရှသည့်အပ်ချောင်းများ လှစ်ခနဲထွက်လာတော့မလား အောက်မေ့ရလောက်အောင် သူ့မျက်ဝန်းတွေသည် ခက်ထန်နေလေသည်။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now