မသိရသေးသော အမှန်တရား (နဝမပိုင်း)

3.2K 427 14
                                    

နှစ်တထောင်ကြာပွင့်သိုင်းကို ဂိုဏ်းသားအားလုံးအား ညီတူညီမျှသင်ပေးခွင့်ပြုလိုက်ခြင်းမှာ ဂိုဏ်းကို အသစ်ပြန်လည်တည်ထောင်ခြင်း၏ ပဏာမခြေလှမ်းပင်။ သို့သော်လည်း ဆုန်းဘော်လင်နှင့် ဝူချောင်ဘော်တို့၏ တုတ်တုတ်မျှမလှုပ်သော အခြေအနေနှင့် ကျူလျောင်သာ့၏ အကူအညီတစိုးတစိမျှ မပေးအပ်မှုတို့ ရှိခဲ့သော်လည်း ကွမ်ရှင်း၏အားတက်သရော ကူညီထောက်ပံ့မှုများဖြင့် ဖန်ကျီကျင်းသည် တိကျရေရာပြတ်သားသော ပြန်တည်ဖွဲ့စည်းပုံကို တယောက်ပြီးတယောက်ကို ဖယ်ရှားကာ ပြုလုပ်နေလေသည်။ တလအတွင်းမှာပင် ကျိုဟွာဂိုဏ်းသည် သိုင်းလောကတွင် မဟာပထဝီမြေကြီးကို ကိုင်လှုပ်ပစ်သကဲ့သို့ အရင်ကနှင့် မတူကွဲပြားသော အခြေအနေသို့ ရောက်ရှိလာလေသည်။

ထိုကဲ့သို့ပင် တိုက်ခိုက်ရေးလောကရဲ့ ထိပ်သီးဂိုဏ်းတွေမှာ ပထမကတော့ မကောင်းဆိုးဝါးဂိုဏ်းကိုသာ အာရုံထားလျက်ရှိလေသည်။ ထို့နောက်တွင် ရွှယ်ထူခန်းမပြဿနာကိုပင်။ ဒီကာလတလျှောက်လုံးတွင် သူတို့တွေမှာ အနားနေနေရသည်ကို မရှိဘဲ ဟိုဘက်ကြည့်ရ ဒီဘက်ကြည့်ရနှင့် မျက်လုံးသံသရာလည်နေလေသည်။ သို့သော် သူတို့ကိစ္စတွေအားလုံးကနေ အနားယူလာသည့်အချိန်တွင် မျက်စိတမှိတ်အတွင်းမှာပဲ ကျိုဟွာဂိုဏ်း၏ သြဇာလွှမ်းမိုးမှုမှာ အနောက်ဖက် ဟွမ်မြစ်မှ မြောက်ဘက်တလျှောက် တောက်လျှောက်တက်ကာ တောင်ဘက်ခြမ်းမှ လုံမြစ်သို့တိုင်အောင် ပျံ့နှံ့နေလေပြီ။

တော်တော်များများသောလူတွေသည် နှစ်တထောင်အမြုတေဆိုသော သိုင်းနာမည်ကိုပင် မကြားဖူးကြသော်လည်း ငြင်းချက်ထုတ်မရသည့်အချက်မှာ ပုလုံလျန်သည် သိုင်းပညာရှင် ထိပ်သီးအဆင့်တွင် အဆင့် ၁၁ ဖြစ်လေသည်ဆိုသော အချက်ပင်။ ထိုသို့ သိုင်းပညာအဆင့် ၁၁ မျှရှိသော ပညာရပ်အဆင့်အတန်းကို သင်ယူရမည်ဆိုသော အတွေးသည် သံသယဝင်စရာတောင်မလိုဘဲ လက်ခံကြပေမည်မှာ အမှန်ပါတည်း။

တချို့သောအချိန်တွေမှာဆိုလျှင် သိုင်းပညာသင်ယူရန် စိတ်ပါဝင်စားသူများသည် ကျိုဟွာတောင်တန်းတွင်သာ စုရုံးလျှက်ရှိနေကြလေသည်။ ရှောင်လင်ဂိုဏ်းနှင့် ဝူသောင်ဂိုဏ်းတို့ကဲ့သို့ ထိပ်သီးဂိုဏ်းများသည် အထင်ကရဖြစ်သည်မှာ မှန်သော်လည်း သူတို့သည် မိမိတို့၏ သိုင်းကြမ်းများအကုန်အစင်ကို ငယ်သားများအား သင်ကြားပေးကြသည် မဟုတ်ပါ။ နှိုင်းယှဉ်ပြောရလျှင် ကျိုဟွာဂိုဏ်းမှ ယခုလို လူတိုင်းကို နှစ်တထောင်အမြုတေသင်ကြားပေးမည်ဆိုသောအချက်သည် အားလုံး၏ အာရုံစိုက်မှုကို ရရှိကာ ကျိုဟွာဂိုဏ်းသို့ ဝင်ချင်သူများမှာလည်း ပျားအုံသဖွယ် ပြွတ်ခဲနေလေသည်။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now