လူသတ်တရားခံ ရှာဖွေခြင်း (ပထမပိုင်း)

15.5K 832 30
                                    

အချိန်တခုကြာသည်အထိ သိုင်းလောကတွင် ဂယက်ရိုက်မှုများဖြစ်ပေါ်ပြီးသည့်နောက်တွင်မူ ဂုဏ်သိက္ခာရှိသောဂိုဏ်းများအကြားတွင် လန်းရန်အဖွဲ့ကြီးသည် အများပြည်သူ၏ ဒေါသူပုန်ထနေမှုကို နောက်ဆုံးတွင် ခံရလေသည်။ ဝူသောင်ဂိုဏ်း၏ ဂိုဏ်းချုပ် လင်းယွင်သော့ကျောင့် (ဝူသောင်ဂိုဏ်းသည် မိမိကိုယ်ကို နှိမ့်ချခြင်းနှင့် ဘာသာတရား ကိုင်းရှိုင်းသောဝါဒကို ကိုင်ဆောင်ထားသည်)၊ နှင့် ရှောင်လင်ဂိုဏ်း၏ ဂိုဏ်းချုပ် စစ်အန်ဖောင့်ကျောင့်၊ ဟွေ့ဟွမ်ဂိုဏ်း၏ ကျီဝူးသီ တို့ ပေါင်းစည်းကာ ဂုဏ်သိက္ခာရှိဂိုဏ်းများအလယ်တွင် အနူးအညံ့တောင်းပန်လျက်ဖြင့် လန်းရန်အဖွဲ့ကြီးကို အတူတကွ ပူးပေါင်းအမြစ်ဖြုတ်ကြလေသည်။

ဖန်ကျီကျင်းသည် ကျိုဟွာဂိုဏ်း၏ ကိုယ်စားပြုအနေနှင့် ဤလှုပ်ရှားမှုကြီးတွင် ပါဝင်လေသည်။ သိက္ခာကြီးမားသောဂိုဏ်းများနှင့်အတူပင် သူသည်လည်း အောင်မြင်မှု အသီးအနှံတို့ ရရှိနိုင်ရန် အားကြိုးမာန်တက် ကြိုးစားလျက်ရှိသည်။

ထိုအချိန်မှစတင်၍ လန်းရန်အဖွဲ့ကြီးသည် မကောင်းသော ဒဏ္ဍာရီအနေနှင့် သိုင်းလောကတွင် တည်ခဲ့ပြီး ပါဝင်ခဲ့သူတို့သည်လည်း အောင်မြင်မှုတို့နှင့်အတူ ဆိုင်ရာဒေသများသို့ ပြန်သွားကြလေသည်။

နှစ်လနီးပါး ခရီးနှင်ပြီးနောက်တွင်မူ ဖန်ကျီကျင်းသည် ကျိုဟွာတောင်တန်းသို့ ပြန်လည်ရောက်ရှိလာလေသည်။ သူကျိုဟွာဂိုဏ်း၏ ဝင်ပေါက်တံခါးကို ဖြတ်ကျော်လာပြီးသည်နှင့်တပြိုင်နက် သူသည် ဒုတိယဂိုဏ်းတူဘထွေးတော် ဆုန်းဘော်လင် နှင့် ပဉ္စမဘထွေးတော် ဝူချောင်ဘော်တို့ကို တွေ့လိုက်ရလေသည်။ သူတို့ကိုကြည့်ရသည်မှာ တခုခုကို အလျင်လိုနေပုံနှင့်။

"ဒုတိယဘထွေးတော်၊ ပဉ္စမဘထွေးတော်"

ဖန်ကျီကျင်းသည် ပခုံးမှအိတ်ကိုပင် မချသေးဘဲ ဂါဝရပြုလိုက်လေသည်။

"မင်းသိပြီးပြီလား" အသံတိုးတိုးနှင့် ဆုန်းဘော်လင် ပြောလိုက်သည်။

ဖန်ကျီကျင်းလည်း ခနတော့ မှင်သက်သွားလေသည်။

နောက်မှ ချီတုံချတုံနဲ့ မေးလိုက်လေသည်။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now