ပဏာမပြုခြင်း ပဏာမျပဳျခင္​း

50K 1.7K 16
                                    

ဆေးရောင်အသစ်နှင့် အုတ်ဂူဖြူဖြူလေး နှစ်လုံး။

💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭

သို့ပေမယ့်လည်း သင်္ချိုင်းမြေရဲ့ တောအုပ်အကြားတွင် အခြားသော အုတ်ဂူများကဲ့သို့ပင် မထင်မရှား တည်ရှိနေလေသည်။

ဒါဆို ဘယ်အရာကများ ကောင်လေးတယောက်ကို ထိုအုတ်ဂူကျောက်တိုင်တွေရှေ့မှာ ဝပ်တွားနေအောင် ပြုနေတာလဲ။

ကောင်လေးရဲ့အသက်ဟာ ၅နှစ် ၆နှစ်လောက်ပဲရှိသေးတဲ့ပုံပင်။ သို့သော်လည်း ကလေးရဲ့မျက်နှာလေးမှာ အသက်အရွယ်ထက်ကို ကျော်လွန်နေတဲ့ ရင့်ကျက်မှုတွေကို တွေ့မြင်နေရလေသည်။

ကောင်လေးဟာ သူ့ခြေထောက်တွေကို ရွှံ့မြေနဲ့တသားတည်းကျသွားလောက်တဲ့ထိကို ဒူးထောက်ထိုင်နေလေသည်။

"လာ..ထ.. သွားကြမယ်"

ဝတ္တရားအရပြောတဲ့လေသံနှင့် ခြေသံဖွဖွတခုက ကောင်လေး၏နောက်မှ ပေါ်လာသည်။

သူ့အရွယ်ကောင်လေးတယောက်ဟာ ဝါးခြင်းတောင်းလေးကိုကိုင်ပြီး သူ့ဆီကို ပုံမှန်အတိုင်း လမ်းလျှောက်လာနေသည်။

"ဖန်ကျီကျင်း! ငါ့အဖေက မင်းဆီ စားစရာသွားပို့ဆိုလို့ လာပို့တာ" ပြောရင်းဆိုရင်းပဲ ခြင်းတောင်းလေးကို ကောင်လေးရဲ့ဘေးနားမှာ ချပေးလိုက်လေသည်။

"ဖန်ကျီကျင်း၊ ငါပြောနေတာရော ကြားလား"

နောက်ရောက်လာတဲ့ကောင်လေးက ဒူးထောက်ထိုင်နေတဲ့ ဖန်ကျီကျင်းရဲ့ပခုံးကို ငြင်ငြင်သာသာပဲ တွန်းလိုက်လေသည်။

ဖန်ကျီကျင်းဟာ ရုတ်တရက် လက်ကိုမြှောက်လိုက်ပြီး ဘယ်ဘက်က အုတ်ဂူကို လက်ညှိုးထိုးပြလိုက်ပြီး

"ဒါက ငါ့ဖခင်လေ"

ကောင်လေးရဲ့လက်တွေဟာ အေးစက်သွားလေသည်။ ဖန်ကျီကျင်းက နောက်ထပ် ညာဘက်ကတခုကို ထိုးပြပြီး

"ဒါကတော့ ငါ့မိခင်ပေါ့"

ကောင်လေးလည်း ဘေးနားမှာ ရပ်နေပြီး ပြောစရာစကားမဲ့နေလေသည်။

ဖန်ကျီကျင်းလည်း သူ့လက်ကို ပြန်ရုတ်သိမ်းပြီး ငြိမ်ငြိမ်လေးပြန်ထိုင်နေလိုက်လေပြန်သည်။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now