မသိရသေးသော အမှန်တရား (ပဉ္စမပိုင်း)

2.9K 441 8
                                    

သိုင်းလောကထိပ်သီးအစည်းအဝေးညီလာခံကြီးကျင်းပရန် နီးကပ်လာသည်နှင့်အမျှ ဆုန်းဘော်လင်သည် အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ ကျိုဟွာဂိုဏ်း၏ ဂိုဏ်းချုပ်ကွယ်လွန်သွားပြီဖြစ်ကြောင်းနှင့် ဖန်ကျီကျင်းသည် ဂိုဏ်းချုပ်ရာထူးအား ဆက်ခံမည့်သူဖြစ်ကြောင်း သိုင်းလောကတခွင် ကြေညာလိုက်လေသည်။

တကယ်တော့ ပုလုံလျန်သည် ကျိုဟွာတောင်တန်းတွင်ပင် လုပ်ကြံခံရကာ သေဆုံးရပါသည်ဆိုသောကိစ္စမှာ အလွန်သိက္ခာကျဖွယ်ပင်။ ထို့ကြောင့် ဆုန်းဘော်လင်သည် မိမိ၏ တပည့်ငယ်သားများကို အခြားဂိုဏ်းများသို့ သတင်းစကားပါးစေသည့်အချိန်တွင် တမင်လမ်းခရီးတွင် အချိန်ဆွဲကာ ပါးစေရန် မှာကြားထားလေသည်။ သို့မှသာ ကျိုဟွာဂိုဏ်းတွင် ပုလုံလျန်၏အသုဘကိစ္စနှင့် ဖန်ကျီကျင်း၏ ရာထူးဆက်ခံခြင်းအခမ်းအနားများကို အချိန်ယူကာ ပြင်ဆင်နိုင်ပေမည်။ ပုလုံလျန်၏အသုဘရှုအခမ်းအနားကို မနက်ပိုင်းတွင် ပြုလုပ်ရန်စီစဉ်ကာ ဖန်ကျီကျင်း၏ရာထူးဆက်ခံခြင်းအခမ်းအနားကိုတော့ မွန်းလွဲပိုင်းတွင် စီစဉ်ထားလိုက်လေသည်။ ဒီလိုနည်းဖြင့် အခြားဂိုဏ်းသားများက ဝမ်းနည်းကြောင်းလာရောက်ပြောကြားသည့်အချိန်ပြီးသည်နှင့် မည်သည်ကိုမှ ရှည်ရှည်ဝေးဝေးစဉ်းစားမနေနိုင်ဘဲ အရာရာဟာ အခြေတကျ ဖြစ်သွားပေလိမ့်မည်။

ထိုနေ့မှာတော့ ကျိုဟွာဂိုဏ်းတခုလုံးသည် ပျားပန်းခတ်အလုပ်များနေကြလေသည်။

ဟွာဟွမ်ရှို တယောက်မှလွဲ၍ လူတိုင်းသည် ဟိုမှထွက်လာလိုက်ကြ၊ သည်ကိုဝင်သွားလိုက်ကြနှင့် အပြေးအလွှားအလုပ်များနေကြလေသည်။

တခါတရံတွင် တယောက်နှင့်တယောက်လှမ်းအော်နေကြသောအသံများကိုပင် ကြားရလေသည်။

"ဆုန်းဆရာသခင်ကပြောတယ်၊ ငါတို့ ဂိုဏ်းချုပ်ရဲ့အခေါင်းကို လဲလိုက်ဦးတဲ့"

"ပဉ္စမဘထွေးတော်က ပြောတယ်ဟေ့၊ ငယ်သားတွေအကုန်လုံး ပြီးရင် အသုဘအခမ်းအနားမှာ လာစုကြပါတဲ့"

"ဂိုဏ်းချုပ်ရဲ့အလောင်းကို ဘယ်ကိုသယ်သွားရမှာလဲဟေ့"

"ငါ ဒီနားမှာထားခဲ့တဲ့ ဖယောင်းတိုင်တွေ ဘယ်ရောက်သွားတာလဲဟ"

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Où les histoires vivent. Découvrez maintenant