byun:ဘာလို့လဲ။chanyeolကြောင့်လား……မဖြစ်နိုင်တာ

baekhyunခေါင်းကိုခါရမ်းနေပြီး တစ်ယောက်တည်း အငြင်းအခုန်လုပ်နေသည်။

byun:ဒီနေ့ ကြော်ငြာရိုက်စရာရှိတာကို ဒါကြီးက……

baekhyun ထိုဒဏ်ရာကိုဖြေရှင်းရန် အပြင်ကိုထွက်လာဖို့လုပ်နေတုန်း ခေါင်းကမိုက်ခနဲဖြစ်သွားပြီး မြင်ယောင်လာသော ပုံရိပ်တစ်ချို့က သူ့ကိုသတ်ပစ်ရန် ဓားနဲ့ရွယ်လာသော မင်းကြီး………ထိုရက်စက်သော ဘုရင်……

byun:မင်းကြီးp.a.r.k

byun:ဟား……

baekhyunမျက်ရည်တွေဝဲကာ ဟားတိုက်ပြီး ငိုလိုက်သည်။ဝမ်းနည်းကြေကွဲစွာ တံခါးဘောင်ကို မြှီပီးထိုင်လိုက်ကာ အားရပါးရငိုနေမိသည်။

byun:ဘာလို့……ဘာလို့ အဲ့မိန်းမစကားကိုပဲယုံရတာလဲ။ဘာလို့ အမြင်ကိုကြည့်ပြီး ဆုံးဖြတ်ရတာလဲ

baekhyun ရင်ဘက်ကိုထုပြီး ထပ်ပြီးငိုနေပြန်သည်။

byun:ဘာလို့ ငါ့ကိုအရုပ်လိုဆက်ဆံရတာလဲ။ငါက အရုပ်မှမဟုတ်တာ

byun:ငါမှာတော့ချစ်လိုက်ရတာ မတန်ဘူး…အရှင့်ကို မုန်းချင်တယ်

chanyeolရဲ့ ရင်ဘက်ကအောင့်တက်လာသည်။သူ့ရဲ့ဝမ်းနည်းနေမှုတွေက အခုတော့ပျောက်ကွယ်သွားခဲ့ပြီ။

baekhyunရဲ့ အမုန်းသွေးတွေက ပါးပြင်ကဒဏ်ရာကြောင့် ထကြွလာခဲ့ပြီလား။

chanbae:ခမည်းတော်

chanyeol baekhyunအကြောင်းတွေးနေတုန်း ရောက်ချလာသည့် chanbaeကြောင့် အတွေးစတို့ပြတ်တောက်သွားသည်။

park:chanbae

chanbae:ခမည်းတော်ကိုပြောစရာရှိလို့ပါ

park:ပြောလေ

chanbae:ဂိုလျောပေါ်လာတာကိစ္စမရှိပေမဲ့ဂျိုဆွန်းရဲ့မြေတွေအားလုံးကိုတူးဖေါ်ပြီးသွားရင်ကူးစက်ရောဂါဖြစ်လာရင်ဘယ်လိုလုပ်မလဲ

chanbaeစကားကြောင့် chanyeolတွေးမိသွားသည်။ဒီအချက်ကိုသူမစဉ်းစားမိခဲ့ဘူး။

chanbae:အခုစပြီးကူးစက်နေပြီ

chanbaeရဲ့စိုးရိမ်တကြီးပြောသည့်စကားကြောင့် chanyeolအလန့်တကြားမော့ကြည့်လိုက်သည်။

Death(သေမင်းတမန်တော်)Where stories live. Discover now