ကျနော့်ဆံပင်တွေထဲကို ဖိနမ်းနေရင်း
ငိုနေဆဲသူ့ကို နှစ်သိမ့်ဖို့ ရင်ခွင်ထဲက
ထွက်မယ်လုပ်ပင်မဲ့ တင်းကျပ်နေအောင်
ဖက်ထားတဲ့သူ့ကို ကြေကွဲစို့နင့်စွာနဲ့ပဲ
သူ့ကျောပြင်ပေါ် ခပ်ဖွဖွ ပုတ်ပေးတော့
သူက ပိုတိုးလို့ ငိုလေရဲ့.....

"စောင့်နေပါလို့ မပြောရက်ပေမဲ့
Boo စောင့်နေမှာကို ယုံကြည်တာမို့
မငိုပါနဲ့တော့......ကျေးဇူးပြုပြီး"

"အင်းပါ!!!!"

ကိုယ်တိုင်လည်း ပိုတိုးလို့ဖက်ရင်း
မျက်လုံးတွေကို မှိတ်ချလိုက်တဲ့အခါ
မျက်ရည်တွေ စီးကျလေရဲ့......

အားနာရခြင်းတွေ မရှိပဲ အဖြူစင်ဆုံး
ချစ်ပေးနိုင်ဖို့ ငါးနှစ်ဆိုတဲ့အချိန်က
လုံလောက်မှာပါ.....Innie
လုံလောက်ကောင်းပါရဲ့......

မှောင်ရီရီ ညနေခင်းတစ်ခုမှာ ရုတ်တရက်ကြီး
ထွက်သွားဖို့အသိပေးလာတဲ့ ကျနော့်ကို
မယုံနိုင်ခြင်းများစွာနဲ့ မော့ကြည့်လာခဲ့တဲ့
သူ့မျက်ဝန်းတွေကို ကျနော်တော့ဖြင့်
ဒီတသက် မေ့လို့ရတော့မယ်မထင်......

မှောင်မဲတိတ်ဆိတ်နေတဲ့ ညနက်တစ်ခုမှာ
စို့နင့်ခြင်းတွေနဲ့အတူ အော်ဟစ်ငိုကြွေးခဲ့တဲ့
သူ့နာကျင်ခြင်းတွေဟာ ကျနော့်ကို
ရင်ကွဲစေတဲ့ အကြောင်းတရားတွေ......

တနေ့တော့ ဒီဆုံးဖြတ်ချက်ကြီးကို
ဘယ်လောက်တောင် ကြိုးစားပြီး
ခက်ခက်ခဲခဲ ချခဲ့ရသလဲဆိုတာ
ပြန်ပြောပြချင်ပါသေးတယ်.....Innie

ကိုယ်အဆင်ပြေဖို့ပဲ တွေးပြီး
မင်းဘက်ကို လှည့်မကြည့်ပေးခဲ့တဲ့ ငါ့ကို
အချစ်တွေ မလျော့လိုက်ပါနဲ့.....နော်

လေဆိပ်အပြင်ဘက်ရဲ့ ပန်းခြံထဲမှာ
လူနည်းနည်းလည်း ရှင်းနေတာမို့
ကျနော့်တို့နှစ်ယောက်ကို သိပ်ပြီး
သတိထားမိကြဟန်မတူ......

နေ့လည်ခင်းပေမဲ့ ရာသီဥတုကလည်း
အနည်းငယ်မှိုင်းညှို့နေတာကြောင့်
လူမြင်ကွင်းထဲ လင်းထင်းမနေဘူးထင်ပါရဲ့

ဖက်ထားရာကနေ အသာခွာရင်း Innie ကို
ခုံတန်းလေးပေါ် ထိုင်စေလိုက်ပြီး
ကျနော်က သူ့ပေါင်ပေါ် လှဲအိပ်ချပလိုက်တယ်

•~ ENDLESS ~•Where stories live. Discover now