[Zawgyi]
"Whisky တစ်လုံး ထပ်ချပေးပါဦး"
Counter ကနေ waiter ကောင်လေးကို
လှမ်းအော်ပြီး တောင်းလိုက်တယ်.....
"ဆရာ.....အချိုပွဲ ယူဦးမလား
Fruit set ပဲဖြစ်ဖြစ်"
"ရတယ်.....မလိုဘူး"
အရက်သောက်တိုင်း ပွစိပွစိ
လုပ်တတ်တဲ့ ကောင်ဆိုးလေးကို
အရမ်း သတိရတယ်......
အမြည်းမပါပဲ ဒီလို အပြင်းတွေ
သောက်နေတာသာ သူသိရင်
ကျနော့်ကို ဆူတော့မှာ သေချာတယ်......
ရင်ထဲ လွမ်းနေတာက
တကယ့်ကို မချိမဆန့်......
ထွက်သွားချင်ပြီလို့ အရင်
ဖွင့်ဟပြောလာသူကို
ကျနော် ဆွဲမထားရက်......
ကျနော့်နဲ့ အတူရှိမနေတော့ရင်
သူ့ဘဝလေး သာယာပျော်ရွှင်သွားမှာက
ရင်နာနာနဲ့ လက်ခံထားရတဲ့ အမှန်တရား......
ဆွဲမထားချင်ပါဘူး.....
သူလေး လွတ်လပ်ပါစေ.....
ကျနော့်ထက် ပိုချစ်ပေးနိုင်တဲ့လူနဲ့ တွေ့ပြီး
သူလေး ပျော်ရွှင်နိုင်ပါစေ......
ကိုယ်က သူ့ကိုဆို အမြဲ
နာကျင်အောင် လုပ်မိနေတဲ့သူမို့
ဆွဲထားပိုင်ခွင့်လည်း မရှိပါဘူးလေ......
ပင်ပန်းအောင် ညှင်းပန်းနေတဲ့လူ
လက်ထဲက သူလည်း
လွတ်မြောက်ချင်ရှာမပေါ့......
ကလေးရေ.....မင်း စိတ်ချမ်းသာနေပြီလား
"Mr.Oh"
ကရောသောပါး ရောက်လာတဲ့ Jin Woo က
ကျနော့်ကို မြင်တော့ အလန့်တကြား......
အင်းပေါ့.....ဒီလို ကြယ်သီးတွေ ပြုတ်ထွက်
ဆံပင်တွေ ပွယောင်းနေတဲ့
အရှုံးသမားတစ်ယောက်ရဲ့
ပုံစံဖြစ်နေတဲ့ ကျနော့်ကို Jin Woo
ဘယ်မြင်ဖူးပါ့မလဲ.....
"လာ ထိုင်.....Jin Woo
ရော့.....တခွက်သောက်"
"Mr.Oh ဘာဖြစ်နေတာလဲ
မနက်ထဲက ရုံးမှာ....."
"အဟား.....ငါ စိတ်နဲ့ လူနဲ့
မကပ်ဘူးလို့ ပြောချင်နေတာမလား
ငါ အသည်းကွဲနေတာဟ.....အဟက်
အာ.....အသည်းကွဲတာ မဟုတ်ဘူး
ငါ့ကမ္ဘာ ပြိုသွားတာ......"
"Luhan လား"
မဲ့ပြုံးတစ်ခုကို အားပါပါ
ပြုံးပြလိုက်ချင်ပေမဲ့
စိတ်က ကြေနေတော့
လူကပါ မလန်း.....
အပြုံးတစ်ခုတောင် ပီပြင်အောင်
မစွမ်းဆောင်နိုင်တော့......
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
