Part 17

2.5K 273 48
                                        

[Zawgyi]

အလုံပိတ် ဆေးရုံခန်းလေးထဲမှာ
လဲလျောင်းနေတဲ့ ကောင်လေးတစ်ယောက်......

Aircon စက်သံ တိုးတိုးလေး
ထွက်နေတာကလွဲရင် ဘာသံမှ
မကြားရတဲ့ အခြေအနေ.......

"သား...... သား သူငယ်ချင်းက
အဆင်ပြေသွားမှာပါ"

ဆရာဝန်ကြီးက ကရုဏာသံနဲ့
ကျနော့်အား ဖျောင်းဖျတဲ့ စကား......

ဟင့်အင်း..... ကျနော်
နည်းနည်းလေးတောင် စိတ်မချနိုင်ဘူး

"သား.....နားလိုက်ဦးနော်
သွေးလှူထားတဲ့ဟာကို
ဒေါက်တာ သွားပြီ"

"ဟုတ်ကဲ့..... ကျနော်
ကျေးဇူးအများကြီး တင်ပါတယ် ဒေါက်တာ"

Xiao Luhan......
သိပ်ကို ဆိုးတာပဲ.....ချစ်ရသူရယ်

ဖြူဖျော့ဖျော့မျက်နှာလေးက ခုချိန်ထိ
ကုတင်ပေါ်မှာ ငြိမ်သက်စွာနဲ့
လှဲလျောင်းနေတုန်း.......

အစိုးမရနိုင်အောင် စိတ်ပူနေမယ့်
ကျနော့်ကို ဥပက္ခာပြုထားလို့
သူကတော့ဖြင့် အနားယူနေလေတယ်......

နဖူးပေါ် ဝဲကျလို့ ကပိုကရို ဖြစ်နေတဲ့
ဆံနွယ်တချို့ကို သပ်တင်ပေးလိုက်ပြီး.....

"Hannie......"

ကိုယ့်အသံက ကိုယ့်နားထဲ
ဝင်သွားတာတောင် ထော်လော်ကန့်လန့်......

လူနာက သူလား မင်းလားလို့
မေးရလောက်မယ့် ချိနဲ့နဲ့ ခေါ်သံနဲ့......

ကိုယ် အားတွေ ကုန်တော့မယ် ထင်တယ်
Hannie ရယ်......အမြန် နိုးလာပါတော့

ပတ်တီးစည်းထားတဲ့ သူ့ရဲ့
ဘယ်ဘက်လက်ကို ခပ်ဖွဖွ ပွတ်သပ်မိတယ်......

သူ့ ချစ်ရသူကြောင့် သူ
ကျေကျေနပ်နပ်ကြီး ခံယူလိုက်တဲ့
နာကျင်မှု တစ်ချို့.......

Hannie နာကျင်တာ မြင်ရရင်
ကိုယ်က ပိုနာကျင်ရပါတယ်လို့
ဒီတခါ ကျနော် မပြောလိုတော့.......

သူ့နှလုံးသားအပြင်
အသွေးအသားတွေပါ
နာကျင်ခံရလောက်တဲ့အထိ
သူ အဲ့လူကြီးကို သိပ်ချစ်တာပဲလား.......

သူ့အသား ပွန်းပဲ့မိတာလေးလောက်နဲ့တောင်
မျက်နှာ ရှူံ့တွနေတတ်တဲ့ အဲ့ကောင်လေးက
သူ့လက်ကို ဓားနဲ့ မွှန်းခဲ့ပါတယ်ဆိုတဲ့
ဖြစ်ရပ်ကြီးကို ခုချိန်ထိ ကျနော်
မယုံကြည်နိုင်သေး......

•~ ENDLESS ~•Where stories live. Discover now