Part 13

2.6K 283 39
                                        

[Zawgyi]

ကျောင်းပိတ်ရက်ရှည်တွေဟာ
သိပ်ကို ပျင်းဖို့ ကောင်းလွန်းတယ်......

စာမေးပွဲကြီး ပြီးသွားတာကိုလည်း
မပျော်နိုင်ပဲ မှိုင်မှိုင်တွေတွေ......

Hannie နဲ့ နေ့တိုင်း မတွေ့ရတော့ဘူးလေ......

သူ့အိမ်ကို မသွားမိအောင်လည်း
ကိုယ့်စိတ်ကို မနည်း ပြန်ထိန်းထားရတာ.......

ခရီးကနေ ပျော်လာတဲ့ သူ့ရဲ့ အပျော်တွေကို
ကျနော် မဖျက်ဆီးလိုက်ချင်ဘူး......

ဒါမဲ့ တနေ့တခါမှ သူ့အသံ မကြားရရင်
မနေနိုင်လေတော့......
ပြီးတော့ မနေ့က Hannie အသံက
အားမရှိသလိုပဲ.......

"ဟဲလို.....Innie"

နားထဲကို သာယာချိုမြိန်စွာ
စီးဝင်သွားတာ.....
အပိုမပြောဘူး......
သူ့အသံလေး ကြားရရင်တောင်
လူက အလိုလို ပျော်လာတာ......

"ဘာလုပ်နေတုန်း....."

"Hannie.....TV ကြည့်နေတာ"

"ကိုယ်တော်လေး......ဖုန်းသုံးလိုက်
Tv ကြည့်လိုက်နဲ့နော်......
မျက်စိပျက်မယ်"

"အံမယ်...... ငါ power မပါတဲ့ ကိုင်းလေး
တပ်တုန်းကတောင် Hannie က
မျက်မှန်လေးနဲ့ ပိုချစ်ဖို့ ကောင်းတယ်လို့
မင်းပဲ ပြောခဲ့တာလေ"

ရင်ထဲ ကြည်နူးရတယ်.......
အချိန်တွေ နှစ်ချီကြာမြင့်သွားတာတောင်
သူက ကျနော် ပြောထားတာကို
မှတ်မိနေသေးတယ်ဆိုတဲ့ အသိ......

"ဒါမဲ့ မျက်မှန်စွဲတပ်ရမယ်ဆို
Hannie တပ်မှာမို့လို့လား"

"အေးပါကွာ..... ပွစိပွစိ လုပ်ပြန်ပြီ"

"ဟုတ်ပြီ ဟုတ်ပြီ...... မပြောတော့ဘူး
ဘာ ကား ကြည့်နေတာလဲ"

"ဘာရယ်မဟုတ်ပါဘူး.....
remote ကြီး ကိုင်ပြီး channel တွေ
ဟိုပြောင်း ဒီပြောင်း လုပ်နေတာ"

"ကိုယ်လည်း ပျင်းနေတာ....."

ငါ့ဆီ လာခဲ့လေလို့ သူများ
ခေါ်လေမလားဆိုတဲ့ မျှော်လင့်ချက်ပါးပါးလေး
ကျနော့်စိတ်ထဲမှာ ရှိတယ်.......

"ဟင်.....In Inni....ee"

"Hannie Hannie......
ဘာဖြစ်တာလဲ.....Hannie"

•~ ENDLESS ~•Where stories live. Discover now