[Zawgyi]
တစ်ကိုယ်တော်ဆုံးဖြတ်ချက်တွေကလည်း
တခါတရံ မှန်ကန်ကောင်းပါရဲ့......
ရှောင်ပြေးခြင်းဆိုတာ ပျော့ညံ့သူတွေရဲ့
အလုပ်လို့ ဆိုလာရင်လည်း ကျနော့်ကိုယ်
ကျနော် ပျော့ညံ့သူအဖြစ်သာ ခံယူလိုက်ပါရစေ.....
ခုချိန်မှာ အားလုံးနဲ့ ဝေးရာကို
ပြေးထွက်ဖို့ကလွဲ ဦးနှောက်ထဲ
တကယ် ဗလာဖြစ်နေတော့တာ......
Seoul မြို့ရဲ့ ညနေခင်းရှုခင်းတွေက
တကယ်လှတယ်.......
လူကြီးနဲ့ အတူကြည့်ချင်တယ်လို့
စိတ်ကူးယဉ်ခဲ့ပေမယ့် တကယ်
ဖြစ်မလာခဲ့တဲ့ ကျနော့်အိပ်မက်တွေ......
အင်း......ခုတလော လူကြီးကို လွမ်းတယ်
လွမ်းစရာရှိတာကိုလည်း လွမ်းဦးမှပေါ့......
တစ်ပိုင်းရူးနေတဲ့ ကျနော့်စိတ်ကိုလည်း
ထိန်းချုပ်ထားဖို့မှမကောင်းတာပဲ.....
ပြီးတော့ လွမ်းရလောက်တဲ့
အကြောင်းပြချက်တွေလည်း ရှိနေတာကို.....
ကျနော့်ရဲ့
ရည်းစားဦး....
အချစ်ဦး.....
အရာရာ.....
ဦးဆုံးဆိုတဲ့အရာတွေကို အတူတကွ
မျှဝေဖူးတဲ့ လူတစ်ယောက်ပဲ မလား......
တခါတရံ လွမ်းသင့်တာပေါ့.....
ရည်းစားကြီးရှိရက်နဲ့ ကိုယ့်အချစ်ဦးကို
လွမ်းလို့ရလားဆိုရင်တော့......
အပြစ်တော့ ဖြစ်ချင်ဖြစ်မှာပေါ့လေ......
ဒါပေမဲ့ တော်ပါပြီ......
အားလုံးနဲ့ ဝေးရာကို ပြေးမထွက်ခင်
လုပ်ချင်တာလုပ်ပစ်ခဲ့မယ်လို့
စိတ်ထဲ ဆုံးဖြတ်ပြီးထားသားမလို့......
Vibrate သံကြောင့် တဒီးဒီးမြည်နေတဲ့ဖုန်းကို
ထုတ်ကြည့်မိတော့ ထင်ထားတဲ့အတိုင်း
ဆက်တဲ့လူက Innie......
ကျနော် ထွက်သွားတော့မှာကို သူ့ကို
အသိမပေးရသေးသည့်တိုင် ငူတူတူငိုင်တိုင်တိုင်
စိတ်နဲ့လူနဲ့မကပ် ဖြစ်နေတတ်တဲ့ ကျနော့်ပုံစံကို
သူက စိုးရိမ်နေတယ် ထင်ပါရဲ့လေ......
ဖုန်းဆက်တဲ့ အရေအတွက်တွေ
စိပ်လာလိုက်တာ......
မင်း ပိုနာကျင်နေရတော့မှာ.....Boo ရယ်
"Hello.....boo ပြော"
"Baby ဘယ်မှာလဲ"
"အိမ်မှာလေ......wae"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
