[Zawgyi]
Zhang Yi Xing noona ဆီက
"Luhan လမ်းထိပ်က ကော်ဖီဆိုင်ကို
ခဏ ထွက်လာပေးလို့ ရမလား"ဆိုတဲ့
msg ကို ကျနော် ပေါ့ပါးသွက်လက်စွာပင်
"လာခဲ့ပါ့မယ် noona" ဟု အကြောင်းပြန်လိုက်သည်.....
ဘာအကြောင်းကြောင့် ခေါ်တွေ့တာလဲ ဘာလဲ
ရှုပ်ရှုပ်ယှက်ယှက် မစဉ်းစားချင်လောက်အောင်လည်း
ကျနော့် စိတ်တွေက ပေါ့ပါးလို့ နေတယ်.....
ခရီးကလည်း တနေ့ကမှ ပြန်ရောက်ထားပြီး
ဟိုမှာ နေခဲ့သည့် လေးရက်လုံးလုံး
လူကြီးက အစွမ်းကုန် အလိုလိုက်ထားတာမို့
ကျနော် အချစ်စွမ်းအားတွေနဲ့
ပျော်မြူးနေတယ် ထင်ပါတယ်လေ......
လူကြီးကလည်း အလုပ်သွားနေသလို
ကျနော်ကလို ကျောင်းပိတ်ထားသည်မို့
အိမ်မှာ အားနေတာပဲဟာ......
တစ်ချိန်က လူကြီး ရဲ့ ငယ်သူငယ်ချင်း.....
ခုထိလည်း သူ့ရဲ့ manager ဖြစ်နေဆဲ
noona က ခေါ်တွေ့တာကို
ကျနော် ငြင်းစရာ အကြောင်းမှ မရှိပဲ.....
ဒါဟာ ရင်ကိုခွဲမယ့် အကြောင်း ဖန်လာမှန်း
ကျနော် မရိပ်မိခဲ့တာပါ~~~~~
"Noona....."
"ထိုင် Luhan....."
"Noona တစ်ခုခု သောက်လေ.....
Lu ဝယ်တိုက်ပါ့မယ်....coffee ပဲလား"
Noona က စိတ်ပျက်စွာနဲ့ ကျွတ်တစ်ချက်ကို
ခပ်တိုးတိုး စုတ်သပ်သည်.....
ဒါ ဘာသဘောများလဲလေ.....
ကော်ဖီဆိုင်မှ တွေ့ဖို့ ချိန်းပြီးတော့မှ
တစ်ခုခုတော့ မှာသောက်သင့်သည်ပေါ့......
"မှာချင်တာသာ မှာလိုက်.....Luhan"
မှာထားတဲ့ Americano နှစ်ခွက်
လာချပြီးတဲ့အထိ သူမက ကျနော့်ကို
စကား မစသေး......
တစ်ခုခုကို အသည်းအသန် စဉ်းစားနေပုံမျိုးနှင့်
စိတ်ရှုပ်နေမှန်းလည်း သိသာလွန်းသည်.....
"Noona.....Lu ကို ပြောစရာ ရှိလို့လား"
"omm.....ရှိတယ် ပြောစရာ ရှိတယ်
ဒါမဲ့ ဘယ်လို စပြောရမလဲတောင် မသိတော့ဘူး"
"ဘာလို့လဲ.....noona
ဘာအကြောင်း မို့လို့လဲ"
"Hun အကြောင်း.....Hun နဲ့
မင်းရဲ့ အကြောင်း"
ESTÁS LEYENDO
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
