[Zawgyi]
အရာအားလုံးကို အချိန်က ကုစားပေးခဲ့ပြီးတဲ့နောက်
ရင်ထဲက ဒဏ်ရာတွေကလည်း ကျက်နေရောပေါ့.....
အချစ်ကြောင့် ရင်ကွဲနာကျခဲ့ရတာကို
အချစ်နဲ့ ပြန်ကုစားခံခဲ့တာမို့ ချစ်ပေးရသူ
ပင်ပန်းပေမဲ့ ကျနော်ကတော့ ပျော်ခဲ့ရပါသည်ပေါ့.....
တကူးတက မေ့ပစ်နေစရာ မလိုပဲ
Innie ကြောင့် သူ့ကို မေ့နိုင်ခဲ့သည်.....
သူ မရှိရင် မဖြစ်ပါဘူးလို့ တွေးထားခဲ့ပေမဲ့
တကယ်တမ်းမရှိတော့လည်း နေနိုင်ခဲ့တာပဲ.....
တမ်းတမ်းတတ မလွမ်းမိပေမဲ့
တခါတရံ သတိရတာမျိုးလောက်တော့ ရှိသည်.....
တိုက်ဆိုင်တာမျိုး ရှိလာရင် လွမ်းသည်......
အလွမ်းရင့်လာရင် မျက်ရည်ကျရသည်......
ငိုလို့ဝသွားတော့လည်း သူ့ကို မေ့သွားတော့တာပါပဲ
ရပါတယ်.....ဒီလောက်ဆို ကျနော် အဆင်ပြေပါတယ်
"Baby......"
"Morning.....My boo"
"ကိုယ့်ကို စောင့်နေရတာ ကြာပြီလား"
"မကြာသေးပါဘူး.....Hannie လည်း
ခုမှရောက်တာ"
"အင်း အင်း......ကိုယ် sandwich လုပ်လာတယ်"
"Cheese နှစ်ထပ်?? "
"ဒါပေါ့.....baby အကြိုက် cheese နှစ်ထပ်ပဲ"
"Keeke......ချစ်လိုက်တာ"
"ဟုတ်ပါပြီဗျာ......ဟ"
ကျောင်းရဲ့ ပန်းခြံထဲက ခုံတန်းပြာလေးပေါ်မှာ
ထိုင်ရင်း သူလုပ်ကျွေးတဲ့ မနက်စာတွေကို
နေ့တိုင်းပဲ တယုတယခွံ့ကျွေးခံရရင်း
ကြည်ကြည်နူးနူး စားရတာ......
အိပ်ရေးမဝတဲ့နေ့တွေဆို သူ့ပေါင်ပေါ်
ခေါင်းအုံးအိပ်တဲ့အခါ နေထိုးမှာစိုးလို့
လက်ဖဝါးလေးနဲ့ ကာပေးတာကို ခံယူရင်း......
သူ အသည်းယားလွန်းလာတဲ့အခါ
မြတ်မြတ်နိုးနိုးအနမ်းတွေကို
တံဆိပ်ခတ်နှိပ်စေရင်း.......
နေ့ရက်တိုင်းဟာ အရမ်းကို
ပျော်ရွှင်လှပနေခဲ့ရတာပါ......
တသက်လုံးပဲ ဒီလိုနေခွင့်ရချင်တယ်.....Innie
"ထတော့လေ baby.....အတန်းချိန်ရှိတယ်မလား"
"ommm.....ထမယ် popo ပေး"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
