ကျနော့်ကိုဆို ငြူစူခြင်းအလျှင်းမရှိခဲ့တဲ့လူက
လေသံမာမာနဲ့ ပြောဆိုလာတဲ့အခါ
ရင်တွေလည်း နာလို့ ကျနော်လည်း
မျက်ရည်ဝဲရပါတယ်......
"Baby ကို မယုံဘူးလား
ဟင်.....baby ကို ယုံလေ"
ဘေးနားက ထွက်သွားတာကလွဲလို့
ကြိုက်တာလုပ်ပါလို့ ပြောထားတဲ့သူ့ကို......
သေမလိုနာကျင်မှုတွေ ပေးနေရဲ့သားနဲ့တောင်
ကျနော့်အနားမှာပဲ ကပ်တွယ်နေရင်း
တစ်ချက်ပျောက်မသွားခဲ့တဲ့ သူ့ကို......
ကျနော်က အခု ထားပစ်ခဲ့ဖို့ လုပ်နေတဲ့အခါ.....
"Baby.....မင်းတစ်ယောက်ကြောင့်နဲ့ဆို
ကိုယ် အတ္တလည်း ကြီးတယ်နော်
ကိုယ့်ကို ချစ်နေတယ်ဆိုတဲ့ လူရှိတာနဲ့ပဲ
မင်း ကိုယ့်နားကနေ ထွက်သွားလို့မရဘူးလေ
Baby နဲ့ ပက်သက်လာရင် သူငယ်ချင်းတွေ
ဘာတွေ ကိုယ်နားမလည်ဘူးနော်......"
ဒီတခါ မျက်ရည်ကျရသူက ကျနော်......
"Soo ကြောင့်ရယ် မဟုတ်ပါဘူး boo ရယ်
Baby ကိုယ်တိုင်ကိုက အချိန်လိုနေလို့ပါဆို
ဟိုမှာ ဘွဲ့တစ်ခု သွားယူချင်တယ်လို့
Baby ကိုယ်တိုင်က တောင်းဆိုနေတယ်လေ.....
အရင်က Xiao Luhan ပြောသမျှ အကုန်
နားလည်ပေးတတ်တဲ့ Kim Jongin
ဘယ်ရောက်သွားပြီလဲ!!!!! "
ငိုရှိုက်ရင်း ကျနော် ဗလုံးဗထွေး
အော်ပြောမိတော့ သူ ကျနော့်ကို
ရင်ခွင်ထဲ ဆွဲဖက်လေရဲ့.....
"မဟုတ်ဘူး baby ရယ်....
ခု baby တောင်းဆိုနေတာက
ကိုယ့်အနားက ထွက်သွားဖို့က်ိုလေ"
ကျနော့်ဆံပင်တွေကို ပွတ်သပ်နေရင်း
သူလည်း ငိုနေဆဲပဲဆိုတဲ့ အသိက
သူ့အချစ်တွေ ဘယ်လောက်ထိ
စစ်မှန်လေးနက်ကြောင်း ခံစားစေရသလို
ရှက်ရွံ့ခြင်းတွေနဲ့အတူ သိမ်ငယ်ရတယ်......
အမှန်ဆို ကျနော် ခုချိန်ထိ လူကြီးက်ို
လုံးလုံးလျားလျား မေ့နိုင်သေးတာမှ မဟုတ်ပဲ......
"5 နှစ်.....5 နှစ်ဆိုတဲ့ အချိန်က
အရမ်းကို မကြာလွန်းဘူးလား baby ရယ်
ကိုယ် ဘယ်လို နေခဲ့ရပါ့မလဲ"
"နားလည်ပေးပါ boo ရယ်......
ဒါ နောက်ဆုံးသောအကြိမ် baby အပေါ်
နားလည်ပေးခိုင်းခြင်းပါ......နော်"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Final
Start from the beginning
