မိုးအုံ့နေတဲ့အခြေအနေမှာတောင် ကျနော်
နေပြောက်ထိုးမှာစိုးရိမ်လို့ အကျင့်ပါပြီး
ရုတ်တရက် ကာပေးဟန်ပြင်လာတဲ့
သူ့လက်တွေကြောင့် ကျနော် ခပ်ဖွဖွရီမိတဲ့အခါ.....
"မရီနဲ့.....ခွေးပေါက်
Baby တကယ်ဆိုးတာ"
"Ahh.....baby ဘာလုပ်တာ??"
ကျနော် လက်သည်းနဲ့ လှမ်းဆိတ်လိုက်လို့
ရဲသွားတဲ့ သူ့အောက်နှုတ်ခမ်းလေးကို
နာလို့ ထင်ပါရဲ့ ခပ်ဖွဖွပွတ်နေရင်း......
"Baby ကို မင်းဆိုပြီး ပြောလို့လေ......
အပြစ်ပေးရတာပေါ့
ဘယ်တုန်းက အဲ့လိုပြောဖူးလို့လဲ"
"ဟားးးးး တကယ့်အဆိုးကွာ"
သူ့လက်ဖဝါးတစ်ဖက်ကို ဆွဲယူရင်း
ကျနော့်ပါးပြင်ပေါ် အပ်ထားမိတယ်.....
"ကျန်းမာရေးကို ဂရုစိုက်.....
Baby ကို လွမ်းလို့ဆိုတိုင်း americano တွေ
အများကြီး လိုက်မသောက်နဲ့.....
သဘောမနောတွေ တအားကောင်းမှန်းသိပေမဲ့
အရမ်းသဝန်တိုတတ်တာမို့ လူတိုင်းအပေါ်
အများကြီး မကြင်နာပြနဲ့......ကြားလား
ညဘက်တွေ စောစောအိပ်.....
သူများတွေက်ိုလည်း
သီချင်းတွေ မဆိုပြရဘူးနော်.....
ကြွေကုန်ကြလိမ့်မယ်
ပြီးတော့ baby ကိုလည်း လွမ်း"
"ကဲ ကုန်ပြီလား"
ပြုံးစစနဲ့ မေးလာတဲ့သူ့က်ို
စွေစောင်းကြည့်ပေးလိုက်ရင်း
"Xiao Luhan အပိုင်ဆိုတဲ့ နေရာကို
သူများတွေ မထိနိုင်အောင် ထိန်းသိမ်း.....ဒါပဲ"
"ဟာ ဘယ်နေရာကများ Xiao Luhan အပိုင်လဲ"
"အမှန်ပြောရရင် မင်းတစ်ကိုယ်လုံး
ပိုင်တာလေ.....မဟုတ်လို့လား
ဒါမဲ့ ဒီနေရာက baby သဘောအကျဆုံးပဲ"
လက်မလေးနဲ့ နှုတ်ခမ်းသားတွေပေါ် တဖွဖွ
ပွတ်ဆွဲမိတဲ့အခါ သဘောတကျ သူပြုံးလေရဲ့......
"ကိုယ် အသည်းယားလာရင်
နမ်းမိမယ်နော်.....baby ရေ"
"မရပါဘူး.....အပြစ်ပေးထားတယ်"
ကျနော်က ပါးစပ်ကို လက်နဲ့အုပ်လိုက်ရင်း
ဝူးဝူးဝါးဝါး အော်ဟစ်စနောက်နေကြတဲ့
ဒီအချိန်လေးက ပျော်စရာအတိဆိုပေမဲ့
ကျနော့်မှာက နောင်တတွေနဲ့.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Final
Start from the beginning
