တခါတရံ လွမ်းသင့်တာပေါ့.....

ရည်းစားကြီးရှိရက်နဲ့ ကိုယ့်အချစ်ဦးကို
လွမ်းလို့ရလားဆိုရင်တော့......
အပြစ်တော့ ဖြစ်ချင်ဖြစ်မှာပေါ့လေ......

ဒါပေမဲ့ တော်ပါပြီ......
အားလုံးနဲ့ ဝေးရာကို ပြေးမထွက်ခင်
လုပ်ချင်တာလုပ်ပစ်ခဲ့မယ်လို့
စိတ်ထဲ ဆုံးဖြတ်ပြီးထားသားမလို့......

Vibrate သံကြောင့် တဒီးဒီးမြည်နေတဲ့ဖုန်းကို
ထုတ်ကြည့်မိတော့ ထင်ထားတဲ့အတိုင်း
ဆက်တဲ့လူက Innie......

ကျနော် ထွက်သွားတော့မှာကို သူ့ကို
အသိမပေးရသေးသည့်တိုင် ငူတူတူငိုင်တိုင်တိုင်
စိတ်နဲ့လူနဲ့မကပ် ဖြစ်နေတတ်တဲ့ ကျနော့်ပုံစံကို
သူက စိုးရိမ်နေတယ် ထင်ပါရဲ့လေ......

ဖုန်းဆက်တဲ့ အရေအတွက်တွေ
စိပ်လာလိုက်တာ......
မင်း ပိုနာကျင်နေရတော့မှာ.....Boo ရယ်

"Hello.....boo ပြော"

"Baby ဘယ်မှာလဲ"

"အိမ်မှာလေ......wae"

"အာ......အိမ်မှာလား
ကိုယ်က လေတိုက်သံတွေ
ကြားနေရတော့ အပြင်မှာထင်လို့"

လေတဖြူးဖြူး တိုက်ခတ်နေတဲ့
ဟန်မြစ်ကမ်းဘေးမှာ ဖုန်းပြောရင်း
အိမ်မှာလို့ ဘာလို့များ ကျနော်
လိမ်ခဲ့လိုက်မိမှန်းမသိ......

မဖြစ်နိုင်ဘူးဆိုရင်တောင် ကျနော့်စကားဆို
မျက်စိမှိတ်ယုံပေးမယ့် Innie ကို
ကျနော် အလွဲသုံးစားလုပ်မိပြီထင်တယ်......

"Baby ပြတင်းပေါက်ဖွင့်ထားလို့......"

"အင်းပါ.....အအေးပတ်ဦးမယ်
စားချင်တာရှိလား......baby"

"ဟင့်အင်း......မရှိဘူး"

"ဟဟ......ဟုတ်လား
baby ဘာလုပ်နေလဲ"

"လွမ်းနေတယ်......"

လွှတ်ခနဲ ထွက်သွားမိပြီးမှ နှုတ်ခမ်းသားတို့ကို
ကျိတ်ပြီး ကိုက်လိုက်ရသည်......
ဒါမဲ့ လိမ်ညာခဲ့ခြင်းတော့ မဟုတ်......
Innie ကိုလည်း သတိရနေခဲ့ပါသည်......
မနက်က တွေ့ခဲ့ပြီးပြီဆိုပေမဲ့လို့

"boo ကို.....
boo ကို လွမ်းနေတာ"

"တကယ်?? ကိုယ် အိမ်လာခဲ့ရမလား"

•~ ENDLESS ~•Where stories live. Discover now