ချစ်သူတစ်ယောက်ဆိုတဲ့ အနေအထားမှာတောင်
ဦးဆုံး အသိပေးခြင်းတွေ မင်းဆီ ရောက်မလာနိုင်ခဲ့တာ
ငါတကယ် တောင်းပန်တယ်......Innie

ပထမဆုံးဆိုတဲ့အရာတွေကို သူ့ဆီပဲ
အပ်နှင်းရမယ်ဆိုတာ ငါအတော်လေး
အကျင့်ပါနေပြီ ထင်ပါရဲ့......

နောက်ဆုံးနှုတ်ဆက်အနမ်းတောင် ချစ်သူဖြစ်တဲ့
မင်းဆီ ကြင်ကြင်နာနာ မကြဲချနိုင်ခဲ့တဲ့ ငါ့ကို
မင်းတစ်သက် ခွင့်မလွှတ်ပါနဲ့တော့......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

အရာအားလုံး အဆင်ပြေနေသလို
ကိုယ့်ကိုကိုယ် လိမ်ညာတယ်......

အဆင်မပြေမှန်း သိလာရတဲ့အခါ
ပျော့ညံ့သူပီသစွာ ရှောင်ပြေးတယ်......

မသိဘူး.....ကိုယ် မင်းတစ်ယောက်ထဲကိုပဲ
တစ်သက်လုံး ချစ်နေချင်တယ်

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

Part 25 will be final......

[Unicode]

တစ်ကိုယ်တော်ဆုံးဖြတ်ချက်တွေကလည်း
တခါတရံ မှန်ကန်ကောင်းပါရဲ့......

ရှောင်ပြေးခြင်းဆိုတာ ပျော့ညံ့သူတွေရဲ့
အလုပ်လို့ ဆိုလာရင်လည်း ကျနော့်ကိုယ်
ကျနော် ပျော့ညံ့သူအဖြစ်သာ ခံယူလိုက်ပါရစေ.....

ခုချိန်မှာ အားလုံးနဲ့ ဝေးရာကို
ပြေးထွက်ဖို့ကလွဲ ဦးနှောက်ထဲ
တကယ် ဗလာဖြစ်နေတော့တာ......

Seoul မြို့ရဲ့ ညနေခင်းရှုခင်းတွေက
တကယ်လှတယ်.......
လူကြီးနဲ့ အတူကြည့်ချင်တယ်လို့
စိတ်ကူးယဉ်ခဲ့ပေမယ့် တကယ်
ဖြစ်မလာခဲ့တဲ့ ကျနော့်အိပ်မက်တွေ......

အင်း......ခုတလော လူကြီးကို လွမ်းတယ်

လွမ်းစရာရှိတာကိုလည်း လွမ်းဦးမှပေါ့......
တစ်ပိုင်းရူးနေတဲ့ ကျနော့်စိတ်ကိုလည်း
ထိန်းချုပ်ထားဖို့မှမကောင်းတာပဲ.....
ပြီးတော့ လွမ်းရလောက်တဲ့
အကြောင်းပြချက်တွေလည်း ရှိနေတာကို.....

ကျနော့်ရဲ့
ရည်းစားဦး....
အချစ်ဦး.....
အရာရာ.....

ဦးဆုံးဆိုတဲ့အရာတွေကို အတူတကွ
မျှဝေဖူးတဲ့ လူတစ်ယောက်ပဲ မလား......

•~ ENDLESS ~•Hikayelerin yaşadığı yer. Şimdi keşfedin