နူးညံ့လွန်းတဲ့ နှုတ်ခမ်းသားတွေက
အရင်က ကျနော့်ကို မျက်ရည်ကျစေခဲ့တဲ့
စကားလုံးကြမ်းတွေ ထွက်ခဲ့တာမှ ဟုတ်ရဲ့လား.......

ယူကျုံးမရစွာ ဝမ်းနည်းမှုကြောင့် ကျဆင်းလာတဲ့
မျက်ရည်စက်တွေကို သူသတိထားမိချိန်မှာတော့
အနမ်းတွေကို လှလှပပနဲ့ အဆုံးသတ်လိုက်လေတယ်

လည်ပင်းတစ်ဖက်တစ်ချက်ဆီမှာ လာရောက်
ထိန်းကိုင်ထားတဲ့ သူ့လက်ဖဝါးနွေးနွေးတွေ
ဖြုတ်ချလိုက်တာနဲ့ တပြိုင်နက်
မခိုင်ချင်တော့တဲ့ ဒူးတွေကြောင့်
ကိုယ်တိုင်လည်း ယိုင်နဲ့နဲ့ ပြုတ်ကျလေရဲ့......

"မငိုနဲ့လေ......ကလေးရယ်"

ပါးပြင်ပေါ်က မျက်ရည်စတွေကို ဒူးထောက်ကာ
တယုတယ လာသုတ်ပေးနေတဲ့ သူ့ကို ကြည့်ရင်း
ဒီမှာ ဆက်နေလို့မဖြစ်တော့မှန်း ကိုယ့်ကိုကိုယ်
သတိပေးပြီး ပြန်ဖို့ မတ်တပ်ထရပ်လိုက်တယ်.....

"ကျနော် ပြန်တော့မယ်"

သူ့ရှေ့ကနေ ခပ်မြန်မြန်ပဲ ထွက်လာလိုက်ရင်း

"ကလေး......ဒီအနမ်းရဲ့ တရားခံက ကိုယ်နော်
ပိုင်ရှင်ရှိနေတဲ့ လူတစ်ယောက်ကို နမ်းခဲ့မိတဲ့
ကိုယ့်အပြစ်မို့လို့ ကလေးကတော့
ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့"

"ပိုင်ရှင်ရှိနေတဲ့လူ"ဆိုတဲ့ အသုံးအနှုန်းကြောင့်
အံ့သြစွာ နောက်လှည့်ကြည့်မိတော့
အရာအားလုံးကို နားလည်လက်ခံထားသလိုမျိုး
သူက အေးချမ်းစွာ ပြုံးပြလေတယ်......

လူကြီးရာ......အရင်ထဲကသာ ဒီလိုမျိုး
ကြင်နာနားလည်ပေးခဲ့ရင် ခင်ဗျားဆီကနေ
ကျနော် ပြေးထွက်သွားစရာအကြောင်းမှ မရှိပဲ

နောက်တကြိမ် ဝေ့သီလာတဲ့ မျက်ရည်တွေကြောင့်
သူ့ရှေ့ကနေ ပြေးထွက်လာရင်း ဂျိမ်းခနဲ
တံခါးပိတ်သံတစ်ခုနဲ့အတူ ကျနော်တို့ရဲ့
တွေ့ဆုံခန်းကို အဆုံးသတ်လိုက်ကြတယ်.......

သဘက်ခါဆို ကျနော် ထွက်သွားတော့မယ်......
လူကြီး......ခင်ဗျား အမြဲ ပျော်ရွှင်နိုင်ပါစေ

ခပ်မြန်မြန်ပဲ ph call တစ်ခုကို ပြုလုပ်လိုက်ရင်း

"Boo......babyပြောစရာရှိလို့ အိမ်မှာ
စောင့်နေပေးပါလား"

•~ ENDLESS ~•Where stories live. Discover now