"ဒါတွေဘာတွေ ရှင်းပစ်ဦး"
ခပ်ရေးရေးမြင်နေရတဲ့ သူနှုတ်ခမ်းမွှေးတွေကို
လက်ညှိုးထိုးရင်းပြောတော့ ဖြစ်သွားတဲ့
သူ့မျက်နှာအပြောင်းအလဲတွေကို တစ်သက်လုံး
မှတ်မိနေအောင်သာ သိမ်းထားလိုက်ချင်တော့တယ်
"အဟား......လူရှိန်အောင် ထားထားတာ"
"မင်း ကိုယ့်ကို နမ်းချင်နေပြန်ပြီလား"
ကိုယ့်အတွေးတွေကို သူ ရိပ်မိသွားတာမို့
သူခိုး လူမိသည့်အလား ရှက်ရွံ့သွားပေမယ့်
ကျနော့်စိတ်ကို သူ အမြဲဖတ်တတ်နေတဲ့အကြောင်း
တွေးမိတော့ ပူနွေးစွာနဲ့ ရင်ဖိုရပြန်တယ်......
"သောက်ခလေး......အားနေ လူကို
နမ်းပဲ နမ်းချင်နေတော့တာ"
"အဲ့အကျင့်ဖြစ်အောင် ဘယ်က အဘိုးကြီး
လုပ်ပေးခဲ့တာလဲ......ပြော"
ပုံမှန်စကားပြောရင်တောင် စုချွန်ချွန်ဖြစ်လေ့ရှိတဲ့
ကျနော့်နှုတ်ခမ်းတွေက ပြန်ရန်တွေ့လိုက်တဲ့အချိန်
ပိုပြီး စူထွက်နေမယ်ဆိုတာကို စိုက်ကြည့်နေတဲ့
သူ့မျက်ဝန်းတွေကြောင့် ပိုသေချာသွားခဲ့တယ်......
ကျနော်ရှိရာဖက်ခြမ်းကို ထလာပြီး
တစ်လှမ်းချင်းလျှောက်လာတဲ့ သူ့ကြောင့်
ကျနော့်ရင်ခုန်သံတွေဟာ ဟိုးအရင်
ဆယ်ကျော်သက်တုန်းကလို......
ချွေးစေးတွေ ထွက်လာတဲ့ လက်နှစ်ဖက်ကလည်း
ဆိုဖာခုံပေါ် ခပ်တင်းတင်း ဆုပ်လိုက်မိတယ်ထင်ရဲ့
နှုတ်ခမ်းသားပေါ် ပွတ်ဆွဲလာတဲ့
လက်ချောင်းတွေရဲ့ အထိအတွေ့ကို
မလွန်ဆန်နိုင်တော့ပဲ အလိုက်သင့်
မတ်တပ်ရပ်မိသွားတဲ့ ကိုယ့်ကိုကိုယ်လည်း
အံ့သြမိပါရဲ့......
ဒီအကြင်နာတွေကို ဘယ်ကတည်းက
မျှော်လင့်နေမိတာများလဲလေ......
"ကိုယ် နမ်းမယ်နော်......
ဒီဟာတွေကြောင့် မင်းနှုတ်ခမ်းတွေ
မဆူးဖို့ မျှော်လင့်တာပဲ"
ချိုမြိန်လွန်းတဲ့ နှုတ်ခမ်းတွေ......
ကြင်နာလွန်းတဲ့ အနမ်းတစ်ခုကို
ပုံဖော်နေသူက အရင်က ကျနော့်နှလုံးသားကို
ရက်ရက်စက်စက် နင်းချေခဲ့သူမှ ဟုတ်ရဲ့လားလေ.....
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 24
Start from the beginning
