ထားနေကျနေရာမှာပဲ အရင်လိုငြိမ်သက်နေဆဲ
ကျနော်စီးခဲ့တဲ့ ကွင်းထိုးအရုပ်ဖိနပ်လေးကို
စွပ်လိုက်တော့ ရင်ထဲ သိမ့်ခနဲ နွေးသွားလိုက်တာ......

"ဘာဖြစ်လို့လဲ.....ကလေး"

"အင်း......လာနှုတ်ဆက်တာ"

အံ့သြသွားတဲ့ အရိပ်အယောင်တွေနဲ့အတူ
ခပ်ဟဟပွင့်ဟသွားတဲ့ သူ့နှုတ်ခမ်းပါးတွေကို
ပြေးပြီး နမ်းရှိုက်ချင်စိတ်တွေက တဖွားဖွား......

"ဘာလဲ......ဘယ်သွားမလို့လဲ"

"America.....စာသွားသင်ဖို့"

ငေးခနဲပြန်ကြည့်လာတဲ့ မျက်ဝန်းတွေမှာ
မသွားစေချင်တဲ့ အရိပ်အယောင်တွေနဲ့
ပြည့်နှက်နေတော့တာ......

"တစ်ယောက်ထဲတော့ မဟုတ်ဘူးမလား"

"အင်း......samchom ပါတယ်"

စိတ်ချသွားသလို မျက်နှာပြန်လွှဲထားတဲ့သူ့ကို
မမှိတ်မသုန်နဲ့ ငေးကြည့်နေမိတယ်......
သူ့မှာ ကျနော့်ကိုပဲ ပြောစရာတွေ များနေသလို

"ဒီအတောအတွင်း အဆင်ပြေလား.....Lu"

မော့ကြည့်ရင်း မေးလာတဲ့ သူ့မေးခွန်းအဆုံး
ခပ်ငေးငေးစိုက်ကြည့်နေတဲ့ ကျနော့်ကိုမြင်ပြီး
ကျနော့်အကြည့်တွေကို သူလည်း မရှောင်လွဲနိုင်ခဲ့......

"အမှန်အတိုင်း ပြောရမလား......ညာပြောရမလား"

မကြားရတာကြာနေတဲ့ ကျနော်မေးနေကျ
မေးခွန်းတစ်ခုကို ကြားလိုက်ရလို့ထင်ရဲ့
သူလည်း ခပ်ဟဟ ရီလာခဲ့သလို
ကျနော်လည်း စိတ်ပါလက်ပါ ပြုံးဖြစ်ခဲ့တယ်......

"မင်း သဘောပါကွာ"

"ကျနော် အဆင်ပြေနေပါတယ်.....Inni...."

"ကိုယ်တို့နှစ်ယောက်အကြောင်းပဲ
ပြောကြရအောင်လား"

တည်တင်းသလိုလိုနဲ့ မှိုင်းညို့သွားတဲ့
သူ့မျက်နှာကို ကြည့်ပြီး ကိုယ်တိုင်လည်း
ရင်ထဲမကောင်း.......

ခုအခြေအနေလေးမှာ တစ်ယောက်နဲ့တစ်ယောက်
အရမ်းအပေးအယူမျှပြီး နားလည်နေကြတယ်
ထင်လို့ ဒီအခိုက်အတန့်လေးကို မဖျက်ဆီးပစ်ချင်

တော်ပြီ......မဆိုင်တဲ့အကြောင်းတွေ
ထည့်မပြောတော့ဘူး.....သူ စိတ်မညစ်ရအောင်

•~ ENDLESS ~•Where stories live. Discover now