သက်ပြင်းချသံ ခပ်ဖွဖွနောက်မှာ ကျနော်
မျက်ရည်တွေတောင် ဝဲလာတယ်ထင်ပါရဲ့......
သူကလည်း ကျနော်စိတ်ဆိုးမှာကို စိုးရိမ်နေသလို
ကျနော်ကလည်း ရူးရူးမိုက်မိုက် စိတ်ကောက်ပစ်ချင်နေတုန်း

ဘာလို့များလဲ......ကျနော်တို့ ရည်းစားတွေမှ
မဟုတ်ကြတော့ပဲနဲ့လေ ဝေးခဲ့ကြပြီးပြီမဟုတ်လား

ဒါပေမဲ့ အခုအချိန်များ ကျနော် စိတ်ကောက်ရင်
ခင်ဗျား ချော့မှာလား.....လူကြီး

"Lu တွေ့ချင်လို့......
ဘယ် bar မှာလဲ.....လာခဲ့မယ်"

"Bar ကို မလာပါနဲ့.....အိမ်ကိုပဲ လာလေ
ကိုယ် မရောက်သေးရင်လည်း စောင့်နေ"

"အင်း.....ပြီးရော"

အိမ်တံခါးဖွင့်ဖို့ တုန်ရီနေတဲ့ ကိုယ့်လက်တွေကို
ခပ်တင်းတင်းဆုပ်ကိုင်ထားရတယ်......
အမှတ်တရတွေက ခေါင်းထဲကို
တမဟုတ်ချင်း တိုးဝင်လာတော့တာ......

ဒီတံခါးရှေ့မှာလေ သူနဲ့ကျနော်
ပြင်းပြင်းပြပြ နမ်းရှိုက်ခဲ့ကြဖူးတယ်မလား......
Airport ကနေ သူက ဆိုင်းမဆင့်ပြန်လာပြီး
Bodyguard တွေရှေ့ အရှက်ကွဲခဲ့ရတဲ့အဖြစ်

ပူနွေးလာတဲ့ ပါးပြင်နှစ်ဖက်ကို ရှက်ရွံ့စွာနဲ့
ဆုပ်ကိုင်မိတော့ လက်ဖျားလေးတွေက
ခုထက်ထိ တုန်နေကြတုန်း......

"ကလေး"

ဆတ်ခနဲ တုန်သွားတဲ့ခန္ဓာကိုယ်ဟာ
လန့်သွားလို့ဆိုပေမဲ့ တလှပ်လှပ်ခုန်နေတဲ့
ကိုယ့်နှလုံးခုန်သံကို ဘာကြောင့်လဲဆိုပြီး
လိုက်အဖြေမရှာချင်တော့.....

ကျနော် ဒီနေ့တစ်ရက်ပဲ မိုက်မယ်......
ဒီနေ့တစ်ရက်လေးတော့ မိုက်မဲပါရစေ

"ဝင်လေ.....password မေ့သွားလို့လား
ကိုယ်တို့ မွေးနေ့လေ"

စိတ်ထဲ နုံးချိလာပြီး ဝမ်းနည်းစိတ်တွေ
လှိုက်တက်လာတာမို့ ရှိုက်သံသဲ့သဲ့တောင်
ထွက်သွားပြီထင်ပါရဲ့......
သူ့လက်ဖဝါးနွေးနွေးတစ်ဖက်က ကျနော့်ပုခုံးပေါ်
ကျလာပြီး ကျန်တစ်ဖက်က 1220 ဆိုတဲ့
ဂဏန်းတွေကို စည်းချက်ကျကျ နှိပ်နေလေရဲ့......

ငိုချင်လာလိုက်တာ......

ဘာမှမပြောင်းလဲသေးတဲ့ အခန်းအပြင်အဆင်တွေက
အရင်အတိုင်း ကျနော့်ကို စောင့်ကြိုနေဆဲ......

•~ ENDLESS ~•Where stories live. Discover now