အထူးသဖြင့် boo ရဲ့ ဂရုစိုက်မှုတွေနဲ့
ဝေးကွာသွားရင် baby နေနိုင်ပါ့မလား
စိုးရိမ်မိတယ်......baby အသားကျနေခဲ့ပြီမလား

တကယ်တမ်းကျတော့လေ boo ရယ်......
မင်း ကိုယ့်ကို မချစ်ခဲ့မိတာပဲ ကောင်းမယ်

Phone ကို ပြန်ဖွင့်ရင်း ဘာရယ်မဟုတ်
လျှောက်ကြည့်နေမိတော့ gallery ထဲမှာ
လူကြီးနဲ့ရိုက်ခဲ့တဲ့ ပုံတွေက အများသားရယ်.....

အင်း.....ကျနော်မှ မဖျက်ရက်ခဲ့ပဲ

လွမ်းတယ်......
ထွက်မသွားခင်တခါလောက်တော့
မျက်နှာလေးကြည့်ပြီး နှုတ်ဆက်ခဲ့ချင်သေးတာ

ရူးတယ်ဆိုလည်း ရူးတယ်ပေါ့.....
မေ့သွားအောင် အတင်းကြိုးစားခဲ့တာကလွဲလို့
သူ့ကို ကျနော် မချစ်တော့တာမှ မဟုတ်တာ.....

Ph contact ထဲမှာ ရှိနေသေးပေမဲ့
အလွတ်ရနေတဲ့ ဖုန်းနံပါတ်တစ်ခုကို
ခပ်မြန်မြန်ပဲ ကောက်နှိပ်လိုက်တယ်......

ဖုန်းဝင်သံ တတူတူကြားမှာ အခုန်မြန်လာတဲ့
ကိုယ့်နှလုံးသားကို သတိထားမိတော့
မချိပြုံးလေး ပြုံးလိုက်မိတယ်ထင်ရဲ့......

သူနဲ့ပက်သက်ရင် အရာရာကို ရင်ခုန်ဆဲပဲ......

"ဟဲလို.....Lu"

ခပ်သြသြလေးနဲ့ အမြဲရင်ဖိုခဲ့ရတဲ့ အသံလေး.....
ဒါမဲ့ အနည်းငယ်များ ရီဝေဝေဖြစ်နေသလားလို့

"ကလေး.....ပြောလေ"

ကျနော့် ph no ကိုပဲ မှတ်မိနေတာလား
ဒါမှမဟုတ် My Baby ဆိုတဲ့ contact လေးက
ဒီတိုင်းပဲ ရှိနေသေးတာလား......လူကြီး

ဖုန်းကို နားကနေ အသာခွာလိုက်ရင်း ကြည့်တော့
Hubby ဆိုတဲ့ contact name လေးက
လင်းနေတဲ့ ဖုန်းမျက်နှာပြင်မှာ အရင်တိုင်း မပြောင်းမလဲ......

ကျနော်တို့တွေ မပြောင်းလဲကြသေးဘူး ထင်တယ်......

"ခု ဘယ်မှာလဲ"

သူ့ဆီက ရယ်သံသဲ့သဲ့ ကြားလိုက်ရတဲ့အချိန်
ခုန်ပေါက်လာတဲ့ ရင်အစုံကို မထိန်းချုပ်နိုင်တော့......
ဘာကြောင့်များ ရီသလဲလေ......

"ကိုယ် Bar မှာ.....ကလေး"

ရောင်ရမ်းပြီး လက်သီးတောင် ခပ်တင်းတင်း
ဆုပ်လိုက်မိတယ် ထင်ပါရဲ့......
အစောနက ရီသံဟာ လှောင်ရယ်ချင်တာမျိုး
မဟုတ်ပဲ bar သွားတာကို မကြိုက်တဲ့
ကျနော့်ကို လေပြေသွေးတာမှန်း သိလိုက်ရတော့......

•~ ENDLESS ~•Where stories live. Discover now