"အာ......အိမ်မှာလား
ကိုယ်က လေတိုက်သံတွေ
ကြားနေရတော့ အပြင်မှာထင်လို့"

လေတဖြူးဖြူး တိုက်ခတ်နေတဲ့
ဟန်မြစ်ကမ်းဘေးမှာ ဖုန်းပြောရင်း
အိမ်မှာလို့ ဘာလို့များ ကျနော်
လိမ်ခဲ့လိုက်မိမှန်းမသိ......

မဖြစ်နိုင်ဘူးဆိုရင်တောင် ကျနော့်စကားဆို
မျက်စိမှိတ်ယုံပေးမယ့် Innie ကို
ကျနော် အလွဲသုံးစားလုပ်မိပြီထင်တယ်......

"Baby ပြတင်းပေါက်ဖွင့်ထားလို့......"

"အင်းပါ.....အအေးပတ်ဦးမယ်
စားချင်တာရှိလား......baby"

"ဟင့်အင်း......မရှိဘူး"

"ဟဟ......ဟုတ်လား
baby ဘာလုပ်နေလဲ"

"လွမ်းနေတယ်......"

လွှတ်ခနဲ ထွက်သွားမိပြီးမှ နှုတ်ခမ်းသားတို့ကို
ကျိတ်ပြီး ကိုက်လိုက်ရသည်......
ဒါမဲ့ လိမ်ညာခဲ့ခြင်းတော့ မဟုတ်......
Innie ကိုလည်း သတိရနေခဲ့ပါသည်......
မနက်က တွေ့ခဲ့ပြီးပြီဆိုပေမဲ့လို့

"boo ကို.....
boo ကို လွမ်းနေတာ"

"တကယ်?? ကိုယ် အိမ်လာခဲ့ရမလား"

"မလာနဲ့!!!"

အလျင်အမြန် တားဆီးလိုက်တာကြောင့်
အသံပင်ကျယ်သွားမည်ထင်သည်......
အင်း......ကျနော့်ကိုဆို အရာရာ
အသေးစိတ်ဂရုစိုက်တတ်လွန်းခဲ့တဲ့
သူက ရိပ်များ ရိပ်မိသွားမလား......

ကျနော်က လူလိမ်ဆိုတဲ့နာမည်ကို ခံယူရဲရင်တောင်
သူ့ကိုတော့ဖြင့် ကျနော့်လိမ်ညာမှုကြောင့်
မနာကျင်စေချင်တော့......သူ သူ နာကျင်ခဲ့ရတာတွေက
တဆိတ်များလွန်းနေပြီ မဟုတ်လား

"ဒီတိုင်း.....ဒီတိုင်းလေးပဲ boo ကို
baby လွမ်းနေချင်တယ်"

"ကလေးကလားနဲ့ baby ရယ်.....
baby က လွမ်းတယ်ဆို ကိုယ်က
အပြေး လာတွေ့မှပေါ့"

"တခါတလေကျ ဒီတိုင်း လွမ်းနေရတာက
ပိုပြီး ကြည်နူးဖို့ကောင်းတယ်.....သိလား boo
ပိုပြီးလည်း အချစ်တွေ များလာသလိုပဲ"

"ဟားးး ဟုတ်ပါပြီ baby ရယ်
ဒါဆိုလည်း လွမ်းနေတော့......
ကိုယ်ဖုန်းချတော့မယ်......ချစ်တယ်"

"Baby လည်း ချစ်တယ်......တာ့တာ"

ဒါပေမဲ့လေ boo......မျက်နှာလည်း မမြင်ရ
အသံလည်း မကြားရတော့တဲ့အထိ
ဝေးကွာမှုတွေမှာ baby ဆက်ပြီး
ကြည်ကြည်နူးနူး လွမ်းနိုင်မယ်မထင်ဘူး......

•~ ENDLESS ~•Tempat cerita menjadi hidup. Temukan sekarang