ပုံမှန်စကားပြောရင်တောင် စုချွန်ချွန်ဖြစ်လေ့ရှိတဲ့
ကျနော့်နှုတ်ခမ်းတွေက ပြန်ရန်တွေ့လိုက်တဲ့အချိန်
ပိုပြီး စူထွက်နေမယ်ဆိုတာကို စိုက်ကြည့်နေတဲ့
သူ့မျက်ဝန်းတွေကြောင့် ပိုသေချာသွားခဲ့တယ်......

ကျနော်ရှိရာဖက်ခြမ်းကို ထလာပြီး
တစ်လှမ်းချင်းလျှောက်လာတဲ့ သူ့ကြောင့်
ကျနော့်ရင်ခုန်သံတွေဟာ ဟိုးအရင်
ဆယ်ကျော်သက်တုန်းကလို......

ချွေးစေးတွေ ထွက်လာတဲ့ လက်နှစ်ဖက်ကလည်း
ဆိုဖာခုံပေါ် ခပ်တင်းတင်း ဆုပ်လိုက်မိတယ်ထင်ရဲ့

နှုတ်ခမ်းသားပေါ် ပွတ်ဆွဲလာတဲ့
လက်ချောင်းတွေရဲ့ အထိအတွေ့ကို
မလွန်ဆန်နိုင်တော့ပဲ အလိုက်သင့်
မတ်တပ်ရပ်မိသွားတဲ့ ကိုယ့်ကိုကိုယ်လည်း
အံ့သြမိပါရဲ့......

ဒီအကြင်နာတွေကို ဘယ်ကတည်းက
မျှော်လင့်နေမိတာများလဲလေ......

"ကိုယ် နမ်းမယ်နော်......
ဒီဟာတွေကြောင့် မင်းနှုတ်ခမ်းတွေ
မဆူးဖို့ မျှော်လင့်တာပဲ"

ချိုမြိန်လွန်းတဲ့ နှုတ်ခမ်းတွေ......

ကြင်နာလွန်းတဲ့ အနမ်းတစ်ခုကို
ပုံဖော်နေသူက အရင်က ကျနော့်နှလုံးသားကို
ရက်ရက်စက်စက် နင်းချေခဲ့သူမှ ဟုတ်ရဲ့လားလေ.....

နူးညံ့လွန်းတဲ့ နှုတ်ခမ်းသားတွေက
အရင်က ကျနော့်ကို မျက်ရည်ကျစေခဲ့တဲ့
စကားလုံးကြမ်းတွေ ထွက်ခဲ့တာမှ ဟုတ်ရဲ့လား.......

ယူကျုံးမရစွာ ဝမ်းနည်းမှုကြောင့် ကျဆင်းလာတဲ့
မျက်ရည်စက်တွေကို သူသတိထားမိချိန်မှာတော့
အနမ်းတွေကို လှလှပပနဲ့ အဆုံးသတ်လိုက်လေတယ်

လည်ပင်းတစ်ဖက်တစ်ချက်ဆီမှာ လာရောက်
ထိန်းကိုင်ထားတဲ့ သူ့လက်ဖဝါးနွေးနွေးတွေ
ဖြုတ်ချလိုက်တာနဲ့ တပြိုင်နက်
မခိုင်ချင်တော့တဲ့ ဒူးတွေကြောင့်
ကိုယ်တိုင်လည်း ယိုင်နဲ့နဲ့ ပြုတ်ကျလေရဲ့......

"မငိုနဲ့လေ......ကလေးရယ်"

ပါးပြင်ပေါ်က မျက်ရည်စတွေကို ဒူးထောက်ကာ
တယုတယ လာသုတ်ပေးနေတဲ့ သူ့က်ို ကြည့်ရင်း
ဒီမှာ ဆက်နေလို့မဖြစ်တော့မှန်း ကိုယ့်ကိုကိုယ်
သတိပေးပြီး ပြန်ဖို့ မတ်တပ်ထရပ်လိုက်တယ်.....

"ကျနော် ပြန်တော့မယ်"

သူ့ရှေ့ကနေ ခပ်မြန်မြန်ပဲ ထွက်လာလိုက်ရင်း

"ကလေး......ဒီအနမ်းရဲ့ တရားခံက ကိုယ်နော်
ပိုင်ရှင်ရှိနေတဲ့ လူတစ်ယောက်ကို နမ်းခဲ့မိတဲ့
ကိုယ့်အပြစ်မို့လို့ ကလေးကတော့
ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့"

"ပိုင်ရှင်ရှိနေတဲ့လူ"ဆိုတဲ့ အသုုံးအနှုန်းကြောင့်
အံ့သြစွာ နောက်လှည့်ကြည့်မိတော့
အရာအားလုံးကို နားလည်လက်ခံထားသလိုမျိုး
သူက အေးချမ်းစွာ ပြုံးပြလေတယ်......

လူကြီးရာ......အရင်ထဲကသာ ဒီလိုမျိုး
ကြင်နာနားလည်ပေးခဲ့ရင် ခင်ဗျားဆီကနေ
ကျနော် ပြေးထွက်သွားစရာအကြောင်းမှ မရှိပဲ

နောက်တကြိမ် ဝေ့သီလာတဲ့ မျက်ရည်တွေကြောင့်
သူ့ရှေ့ကနေ ပြေးထွက်လာရင်း ဂျိမ်းခနဲ
တံခါးပိတ်သံတစ်ခုနဲ့အတူ ကျနော်တို့ရဲ့
တွေ့ဆုံခန်းကို အဆုံးသတ်လိုက်ကြတယ်.......

သဘက်ခါဆို ကျနော် ထွက်သွားတော့မယ်......
လူကြီး......ခင်ဗျား အမြဲ ပျော်ရွှင်နိုင်ပါစေ

ခပ်မြန်မြန်ပဲ ph call တစ်ခုကို ပြုလုပ်လိုက်ရင်း

"Boo......babyပြောစရာရှိလို့ အိမ်မှာ
စောင့်နေပေးပါလား"

ချစ်သူတစ်ယောက်ဆိုတဲ့ အနေအထားမှာတောင်
ဦးဆုံး အသိပေးခြင်းတွေ မင်းဆီ ရောက်မလာနိုင်ခဲ့တာ
ငါတကယ် တောင်းပန်တယ်......Innie

ပထမဆုံးဆိုတဲ့အရာတွေကို သူ့ဆီပဲ
အပ်နှင်းရမယ်ဆိုတာ ငါအတော်လေး
အကျင့်ပါနေပြီ ထင်ပါရဲ့......

နောက်ဆုံးနှုတ်ဆက်အနမ်းတောင် ချစ်သူဖြစ်တဲ့
မင်းဆီ ကြင်ကြင်နာနာ မကြဲချနိုင်ခဲ့တဲ့ ငါ့က်ို
မင်းတစ်သက် ခွင့်မလွှတ်ပါနဲ့တော့......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

အရာအားလုံး အဆင်ပြေနေသလို
ကိုယ့်ကိုကိုယ် လိမ်ညာတယ်......

အဆင်မပြေမှန်း သိလာရတဲ့အခါ
ပျော့ညံ့သူပီသစွာ ရှောင်ပြေးတယ်......

မသိဘူး.....ကိုယ် မင်းတစ်ယောက်ထဲက်ိုပဲ
တစ်သက်လုံး ချစ်နေချင်တယ်

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

Part 25 will be final......

•~ ENDLESS ~•Donde viven las historias. Descúbrelo ahora