စိတ်ချသွားသလို မျက်နှာပြန်လွှဲထားတဲ့သူ့ကို
မမှိတ်မသုန်နဲ့ ငေးကြည့်နေမိတယ်......
သူ့မှာ ကျနော့်ကိုပဲ ပြောစရာတွေ များနေသလို

"ဒီအတောအတွင်း အဆင်ပြေလား.....Lu"

မော့ကြည့်ရင်း မေးလာတဲ့ သူ့မေးခွန်းအဆုံး
ခပ်ငေးငေးစိုက်ကြည့်နေတဲ့ ကျနော့်ကိုမြင်ပြီး
ကျနော့်အကြည့်တွေကို သူလည်း မရှောင်လွဲနိုင်ခဲ့......

"အမှန်အတိုင်း ပြောရမလား......ညာပြောရမလား"

မကြားရတာကြာနေတဲ့ ကျနော်မေးနေကျ
မေးခွန်းတစ်ခုကို ကြားလိုက်ရလို့ထင်ရဲ့
သူလည်း ခပ်ဟဟ ရီလာခဲ့သလို
ကျနော်လည်း စိတ်ပါလက်ပါ ပြုံးဖြစ်ခဲ့တယ်......

"မင်း သဘောပါကွာ"

"ကျနော် အဆင်ပြေနေပါတယ်.....Inni...."

"ကိုယ်တို့နှစ်ယောက်အကြောင်းပဲ
ပြောကြရအောင်လား"

တည်တင်းသလိုလိုနဲ့ မှိုင်းညို့သွားတဲ့
သူ့မျက်နှာကို ကြည့်ပြီး ကိုယ်တိုင်လည်း
ရင်ထဲမကောင်း.......

ခုအခြေအနေလေးမှာ တစ်ယောက်နဲ့တစ်ယောက်
အရမ်းအပေးအယူမျှပြီး နားလည်နေကြတယ်
ထင်လို့ ဒီအခိုက်အတန့်လေးကို မဖျက်ဆီးပစ်ချင်

တော်ပြီ......မဆိုင်တဲ့အကြောင်းတွေ
ထည့်မပြောတော့ဘူး.....သူ စိတ်မညစ်ရအောင်

"ဒါတွေဘာတွေ ရှင်းပစ်ဦး"

ခပ်ရေးရေးမြင်နေရတဲ့ သူနှုတ်ခမ်းမွှေးတွေကို
လက်ညှိုးထိုးရင်းပြောတော့ ဖြစ်သွားတဲ့
သူ့မျက်နှာအပြောင်းအလဲတွေကို တစ်သက်လုံး
မှတ်မိနေအောင်သာ သိမ်းထားလိုက်ချင်တော့တယ်

"အဟား......လူရှိန်အောင် ထားထားတာ"

"မင်း ကိုယ့်ကို နမ်းချင်နေပြန်ပြီလား"

ကိုယ့်အတွေးတွေကို သူ ရိပ်မိသွားတာမို့
သူခိုး လူမိသည့်အလား ရှက်ရွံ့သွားပေမယ့်
ကျနော့်စိတ်ကို သူ အမြဲဖတ်တတ်နေတဲ့အကြောင်း
တွေးမိတော့ ပူနွေးစွာနဲ့ ရင်ဖိုရပြန်တယ်......

"သောက်ခလေး......အားနေ လူကို
နမ်းပဲ နမ်းချင်နေတော့တာ"

"အဲ့အကျင့်ဖြစ်အောင် ဘယ်က အဘိုးကြီး
လုပ်ပေးခဲ့တာလဲ......ပြော"

•~ ENDLESS ~•Where stories live. Discover now