ဒီတံခါးရှေ့မှာလေ သူနဲ့ကျနော်
ပြင်းပြင်းပြပြ နမ်းရှိုက်ခဲ့ကြဖူးတယ်မလား......
Airport ကနေ သူက ဆိုင်းမဆင့်ပြန်လာပြီး
Bodyguard တွေရှေ့ အရှက်ကွဲခဲ့ရတဲ့အဖြစ်

ပူနွေးလာတဲ့ ပါးပြင်နှစ်ဖက်ကို ရှက်ရွံ့စွာနဲ့
ဆုပ်ကိုင်မိတော့ လက်ဖျားလေးတွေက
ခုထက်ထိ တုန်နေကြတုန်း......

"ကလေး"

ဆတ်ခနဲ တုန်သွားတဲ့ခန္ဓာကိုယ်ဟာ
လန့်သွားလို့ဆ်ိုပေမဲ့ တလှပ်လှပ်ခုန်နေတဲ့
ကိုယ့်နှလုံးခုန်သံကို ဘာကြောင့်လဲဆိုပြီး
လိုက်အဖြေမရှာချင်တော့.....

ကျနော် ဒီနေ့တစ်ရက်ပဲ မိုက်မယ်......
ဒီနေ့တစ်ရက်လေးတော့ မိုက်မဲပါရစေ

"ဝင်လေ.....password မေ့သွားလို့လား
ကိုယ်တို့ မွေးနေ့လေ"

စိတ်ထဲ နုံးချိလာပြီး ဝမ်းနည်းစိတ်တွေ
လှိုက်တက်လာတာမို့ ရှိုက်သံသဲ့သဲ့တောင်
ထွက်သွားပြီထင်ပါရဲ့......
သူ့လက်ဖဝါးနွေးနွေးတစ်ဖက်က ကျနော့်ပုခုံးပေါ်
ကျလာပြီး ကျန်တစ်ဖက်က 1220 ဆိုတဲ့
ဂဏန်းတွေကို စည်းချက်ကျကျ နှိပ်နေလေရဲ့......

ငိုချင်လာလိုက်တာ......

ဘာမှမပြောင်းလဲသေးတဲ့ အခန်းအပြင်အဆင်တွေက
အရင်အတိုင်း ကျနော့်ကို စောင့်ကြိုနေဆဲ......

ထားနေကျနေရာမှာပဲ အရင်လိုငြိမ်သက်နေဆဲ
ကျနော်စီးခဲ့တဲ့ ကွင်းထိုးအရုပ်ဖိနပ်လေးကို
စွပ်လိုက်တော့ ရင်ထဲ သိမ့်ခနဲ နွေးသွားလိုက်တာ......

"ဘာဖြစ်လို့လဲ.....ကလေး"

"အင်း......လာနှုတ်ဆက်တာ"

အံ့သြသွားတဲ့ အရိပ်အယောင်တွေနဲ့အတူ
ခပ်ဟဟပွင့်ဟသွားတဲ့ သူ့နှုတ်ခမ်းပါးတွေကို
ပြေးပြီး နမ်းရှိုက်ချင်စိတ်တွေက တဖွားဖွား......

"ဘာလဲ......ဘယ်သွားမလို့လဲ"

"America.....စာသွားသင်ဖို့"

ငေးခနဲပြန်ကြည့်လာတဲ့ မျက်ဝန်းတွေမှာ
မသွားစေချင်တဲ့ အရိပ်အယောင်တွေနဲ့
ပြည့်နှက်နေတော့တာ......

"တစ်ယောက်ထဲတော့ မဟုတ်ဘူးမလား"

"အင်း......samchom ပါတယ်"

•~ ENDLESS ~•Donde viven las historias. Descúbrelo ahora