ဖုန်းဝင်သံ တတူတူကြားမှာ အခုန်မြန်လာတဲ့
ကိုယ့်နှလုံးသားကို သတိထားမိတော့
မချိပြုံးလေး ပြုံးလိုက်မိတယ်ထင်ရဲ့......

သူနဲ့ပက်သက်ရင် အရာရာကို ရင်ခုန်ဆဲပဲ......

"ဟဲလို.....Lu"

ခပ်သြသြလေးနဲ့ အမြဲရင်ဖိုခဲ့ရတဲ့ အသံလေး.....
ဒါမဲ့ အနည်းငယ်များ ရီဝေဝေဖြစ်နေသလားလို့

"ကလေး.....ပြောလေ"

ကျနော့် ph no ကိုပဲ မှတ်မိနေတာလား
ဒါမှမဟုတ် My Baby ဆိုတဲ့ contact လေးက
ဒီတိုင်းပဲ ရှိနေသေးတာလား......လူကြီး

ဖုန်းကို နားကနေ အသာခွာလိုက်ရင်း ကြည့်တော့
Hubby ဆိုတဲ့ contact name လေးက
လင်းနေတဲ့ ဖုန်းမျက်နှာပြင်မှာ အရင်တိုင်း မပြောင်းမလဲ......

ကျနော်တို့တွေ မပြောင်းလဲကြသေးဘူး ထင်တယ်......

"ခု ဘယ်မှာလဲ"

သူ့ဆီက ရယ်သံသဲ့သဲ့ ကြားလိုက်ရတဲ့အချိန်
ခုန်ပေါက်လာတဲ့ ရင်အစုံကို မထိန်းချုပ်နိုင်တော့......
ဘာကြောင့်များ ရီသလဲလေ......

"ကိုယ် Bar မှာ.....ကလေး"

ရောင်ရမ်းပြီး လက်သီးတောင် ခပ်တင်းတင်း
ဆုပ်လိုက်မိတယ် ထင်ပါရဲ့......
အစောနက ရီသံဟာ လှောင်ရယ်ချင်တာမျိုး
မဟုတ်ပဲ bar သွားတာကို မကြိုက်တဲ့
ကျနော့်ကို လေပြေသွေးတာမှန်း သိလိုက်ရတော့......

သက်ပြင်းချသံ ခပ်ဖွဖွနောက်မှာ ကျနော်
မျက်ရည်တွေတောင် ဝဲလာတယ်ထင်ပါရဲ့......
သူကလည်း ကျနော်စိတ်ဆိုးမှာကို စိုးရိမ်နေသလို
ကျနော်ကလည်း ရူးရူးမိုက်မိုက် စိတ်ကောက်ပစ်ချင်နေတုန်း

ဘာလို့များလဲ......ကျနော်တို့ ရည်းစားတွေမှ
မဟုတ်ကြတော့ပဲနဲ့လေ ဝေးခဲ့ကြပြီးပြီမဟုတ်လား

ဒါပေမဲ့ အခုအချိန်များ ကျနော် စိတ်ကောက်ရင်
ခင်ဗျား ချော့မှာလား.....လူကြီး

"Lu တွေ့ချင်လို့......
ဘယ် bar မှာလဲ.....လာခဲ့မယ်"

"Bar ကို မလာပါနဲ့.....အိမ်ကိုပဲ လာလေ
ကိုယ် မရောက်သေးရင်လည်း စောင့်နေ"

"အင်း.....ပြီးရော"

အိမ်တံခါးဖွင့်ဖို့ တုန်ရီနေတဲ့ ကိုယ့်လက်တွေကို
ခပ်တင်းတင်းဆုပ်ကိုင်ထားရတယ်......
အမှတ်တရတွေက ခေါင်းထဲကို
တမဟုတ်ချင်း တိုးဝင်လာတော့တာ......

•~ ENDLESS ~•Where stories live. Discover now