"မလာနဲ့!!!"
အလျင်အမြန် တားဆီးလိုက်တာကြောင့်
အသံပင်ကျယ်သွားမည်ထင်သည်......
အင်း......ကျနော့်ကိုဆို အရာရာ
အသေးစိတ်ဂရုစိုက်တတ်လွန်းခဲ့တဲ့
သူက ရိပ်များ ရိပ်မိသွားမလား......
ကျနော်က လူလိမ်ဆိုတဲ့နာမည်ကို ခံယူရဲရင်တောင်
သူ့ကိုတော့ဖြင့် ကျနော့်လိမ်ညာမှုကြောင့်
မနာကျင်စေချင်တော့......သူ သူ နာကျင်ခဲ့ရတာတွေက
တဆိတ်များလွန်းနေပြီ မဟုတ်လား
"ဒီတိုင်း.....ဒီတိုင်းလေးပဲ boo ကို
baby လွမ်းနေချင်တယ်"
"ကလေးကလားနဲ့ baby ရယ်.....
baby က လွမ်းတယ်ဆို ကိုယ်က
အပြေး လာတွေ့မှပေါ့"
"တခါတလေကျ ဒီတိုင်း လွမ်းနေရတာက
ပိုပြီး ကြည်နူးဖို့ကောင်းတယ်.....သိလား boo
ပိုပြီးလည်း အချစ်တွေ များလာသလိုပဲ"
"ဟားးး ဟုတ်ပါပြီ baby ရယ်
ဒါဆိုလည်း လွမ်းနေတော့......
ကိုယ်ဖုန်းချတော့မယ်......ချစ်တယ်"
"Baby လည်း ချစ်တယ်......တာ့တာ"
ဒါပေမဲ့လေ boo......မျက်နှာလည်း မမြင်ရ
အသံလည်း မကြားရတော့တဲ့အထိ
ဝေးကွာမှုတွေမှာ baby ဆက်ပြီး
ကြည်ကြည်နူးနူး လွမ်းနိုင်မယ်မထင်ဘူး......
အထူးသဖြင့် boo ရဲ့ ဂရုစိုက်မှုတွေနဲ့
ဝေးကွာသွားရင် baby နေနိုင်ပါ့မလား
စိုးရိမ်မိတယ်......baby အသားကျနေခဲ့ပြီမလား
တကယ်တမ်းကျတော့လေ boo ရယ်......
မင်း ကိုယ့်ကို မချစ်ခဲ့မိတာပဲ ကောင်းမယ်
Phone ကို ပြန်ဖွင့်ရင်း ဘာရယ်မဟုတ်
လျှောက်ကြည့်နေမိတော့ gallery ထဲမှာ
လူကြီးနဲ့ရိုက်ခဲ့တဲ့ ပုံတွေက အများသားရယ်.....
အင်း.....ကျနော်မှ မဖျက်ရက်ခဲ့ပဲ
လွမ်းတယ်......
ထွက်မသွားခင်တခါလောက်တော့
မျက်နှာလေးကြည့်ပြီး နှုတ်ဆက်ခဲ့ချင်သေးတာ
ရူးတယ်ဆိုလည်း ရူးတယ်ပေါ့.....
မေ့သွားအောင် အတင်းကြိုးစားခဲ့တာကလွဲလို့
သူ့ကို ကျနော် မချစ်တော့တာမှ မဟုတ်တာ.....
Ph contact ထဲမှာ ရှိနေသေးပေမဲ့
အလွတ်ရနေတဲ့ ဖုန်းနံပါတ်တစ်ခုကို
ခပ်မြန်မြန်ပဲ ကောက်နှိပ်လိုက်တယ်......
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 24
Start from the beginning
