"ကြာပြီ Xiao Han.....
မင်း လူကြီးနဲ့ မချစ်ခင်ကထဲကပဲ"
"ဘာ!!!! ဘာဖြစ်တယ်
Soo.....မင်း ရူးနေလား"
"အင်း..... ငါ ရူးနေတာ
တစ်ဖက်သတ်အချစ်တစ်ခုကြောင့်
ငါရူးနေရတာ.....ချစ်တာတောင်မှ
သူငယ်ချင်းရဲ့ ချစ်သူကို ကြိုက်မိနေတဲ့အထိ
ငါရူးနေတော့တာ"
"မင်း ငါ့ကို ပြောပြခဲ့သင့်တာလေ"
"ပြောပြပြီးတော့ရော ဘာလုပ်မှာလဲ Xiao Han ရယ်
ငါက သူ့ကို သိပ်ချစ်သလို သူကလည်း မင်းကို
သိပ်ချစ်တာလေ......ငါ သူ့အချစ်တွေကို
နားလည်ပေးလို့ ရနေတာလေ......
ဒီတိုင်းလေးလည်း ငါနေပျော်နေတာပဲကို
မင်းပျော်နေတာမြင်ရင် ငါ ပိုပျော်ရတယ်လေ"
"ကိုယ် ချစ်တဲ့လူက တခြားတယောက်နဲ့
အတူရှိနေတာကို ဘယ်သူက ပျော်မှာလဲ
မင်း မညာနဲ့.....Soo"
"ငါ သူ့ကို မျှော်ငေးရင်းပဲ ချစ်ခဲ့တာလေ
ပိုင်ဆိုင်လိုစိတ်မပါဘူး......
အင်း.....လုံးဝ မပါဘူးဆိုရင်တော့ ညာတာ
ခု သူမင်းကို ချစ်သလိုမျိုးပေါ့
မပိုင်ရပဲ အနားမှာ ရှိတုန်းကလည်း ချစ်တယ်
ကိုယ့်လက်ထဲ ရောက်လာတော့ ပိုချစ်ရတယ်
အဲ့လိုမျိုးပေါ့....Xiao Han ရယ်"
"မဟုတ်ဘူးနော် Soo.....ဒါက မဖြစ်သင့်ဘူး"
"ဘာကိုလဲ......မင်းဘာမှ လျှောက်လုပ်ဖို့
မစဉ်းစားနဲ့နော် Xiao Han"
"အင်းပါ......"
မဟုတ်သေးပါဘူး.....ဒီလိုကြီးကတော့
မဖြစ်သင့်ဘူးလေ
ကျနော်က လူကြီးကြောင့် နာကျင်နေရရင်
ကျနော့်မျက်ရည်တွေကြောင့် Innie က
ပိုနာကျင်ရတယ်......ကျနော့်ကြောင့်
နာကျင်နေရတဲ့ Boo ကိုကြည့်ပြီး
Soo က ဘယ်လောက်တောင် နာကျင်ခဲ့ရမှာလဲ
Goshhhh!!!! မဟုတ်သေးဘူးနော်
တစ်ဦးတည်းသော အချစ်ဆုံး
သူငယ်ချင်းလေး ဒီလိုဖြစ်နေတာတောင်
မသိပဲ ကျနော်က သူ့ရှေ့မှာ Boo နဲ့
ပလူးပလဲတောင် နေပြခဲ့သေးတာ......
Shittttt!!!!! ဘယ်လောက်တောင်
တုံးအရတာလဲ Luhan ရယ်
စိတ်တွေကို မစုစည်းနိုင်ပဲ
အတွေးတွေက တောင်ရောက်မြောက်ရောက်......
သူများကိုကျ နာကျင်ခိုင်းထားပြီး ကျနော်တို့
နှစ်ယောက်ပဲ ပျော်နေတာတော့ မဖြစ်သင့်ဘူးမလား
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 23
Start from the beginning
