ပွင့်လျက်သားဖြစ်နေတဲ့ စာအုပ်ကိုပါ
ပိတ်ပေးဖို့ လုပ်ပေမဲ့ Soo က စာအုပ်ကို
ဖိပြီး အိပ်ပျော်နေသည်မို့.....

ဘေးနားက ခုံမှာ အသာလေးဝင်ထိုင်တာတောင်
အအိပ်ဆက်သူမို့ Soo က နှိုးလာသည်.....

"Omm.....Xiao Han"

"အတန်းတောင် မစသေးတာကို အိပ်နေရလားဟ"

"ညက အိပ်ရေးမဝလို့......ဟီး"

"ကြည့်.....စာအုပ်ကိုလည်း မပိတ်ထားဘူး"

သွားဖြီးပြနေတဲ့သူ့ကို မျက်စောင်းလှမ်းထိုးလိုက်ရင်း
စာအုပ်ပိတ်ပေးဖို့ လက်အလှမ်းမှာ.....

"S....Soo....ooo ဒါ ဒါတွေက"

"Xiao xiao Han.....ငါ ငါ မ မရည်ရွယ်ပါဘူး"

မြင်နေရတဲ့ လက်ရေးစိပ်စိပ်တွေကို
မျက်စိမှားလားအထင်နဲ့ စာအုပ်ကို
အနီးကပ် ဆွဲယူကြည့်မိသည်......

ညီညာနေတဲ့ လက်ရေးလှလှတွေပေါ်
ကျနော့်မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ကျလာသည်ထင်ပါရဲ့......

မင်စိုဘောပင်နဲ့ ရေးထားတာမို့
မင်တွေ ပျံ့ကုန်ပြီး စာလုံးမဲမဲလှလှတွေက
ရောထွေးကုန်သည်......

"ငါ တောင်းပန်ပါတယ်.....Xiao Han"

စကားပြန်လှည်ပြောဖို့အတွက်တောင်
ခေါင်းကို မမော့နိုင်သေးပဲ မျက်ရည်တွေက
အတောမသတ်နိုင် ကျနေတုန်း.....

နေပါဦး......ကျနော်က လူဘယ်နယောက်ကိုတောင်
နာကျင်နေစေတာလဲ

ကိုယ့်သူငယ်ချင်းတယောက်လုံး
ဒီလိုဖြစ်နေတာကိုတောင် မသိပဲနဲ့.....

ကျနော်က.....ကျနော်ကလေ
သူ့ကို ပိုပြီး ငိုကြွေးစေခဲ့တာလား

လက်ထဲက စာအုပ်ကို Soo က
ပြန်ယူသွားပြီး စားပွဲခုံပေါ်
တင်ထားလိုက်သည်ထင်ရဲ့......

စကားတော့ ပြောရမှဖြစ်မှာမို့
မျက်ရည်တွေကို ပွတ်သုတ်လိုက်ပြီး.....

"ဘယ်အချိန်ထဲကလဲ.....Soo"

"Xiao Xiao Hannn.....ဒါက ဒါကလေ...."

"မဟုတ်ဘူးလေ Soo.....မင်း ငါ့ကို
အားနာစရာမလိုဘူးလေ
ငါမင်းရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်
အနေနဲ့ မေးနေတာလေ"

•~ ENDLESS ~•Tempat di mana cerita hidup. Terokai sekarang