"mwahhhhh......popo အကြီးကြီး
ကဲ ထတော့ baby"

"အပြန်ကျ coffee ဝယ်ထားပေးနော်"

"ကိုယ် ခု လိုက်မပို့ရတော့ဘူးလား"

"မပို့နဲ့တော့.....boo လည်း အတန်းသွားတက်တော့
နော် ချစ်တယ် ချစ်တယ်"

"ဟုတ်ပြီ အချွဲလေးရေ......
အများကြီး ချစ်တယ်ဗျာ"

လှေကားတစ်လျှောက် တက်လာရင်း
လူက အပြုံးပန်းတွေ ဝေနေမိတာ
မဖုံးနိုင် မဖိနိုင်......

ကိုယ် ချစ်နိုင်သလောက်ထိလေး
အစွမ်းကုန် ချစ်ပေးနေရင်း
ကိုယ့်ကို သိပ်ချစ်ရှာသူ သူ့ကို
အမြဲပဲ ပျော်နေစေချင်မိတာ.......

ရင်နာအောင် လုပ်ခဲ့မိသမျှကို
အနမ်းဖွဖွတွေနဲ့ ချော့ပါ့မယ်လို့ပြောတော့
ကိုယ် ရင်နာခဲ့ရတာတွေ အများကြီးနော်
baby လို့ သူက ခပ်ပြုံးပြုံး ပြောသေးတာ......

ချစ်သူ အချင်းချင်း ကျီဆယ်နေကျ
မေးခွန်းဖြစ်တဲ့ ချစ်လားဆိုတဲ့ မေးခွန်းကို
အမှတ်တမဲ့မေးလိုက်မိရင်တောင်
မျက်ရည်တွေ စိုလာတတ်တဲ့သူ့ကို
သနားချစ်ပါ ပိုရသည်.....

သူက သိပ်ချစ်တတ်တာလေ......

သူလိုလူ အနားမှာပဲ တသက်လုံး
ပျော်ပျော်ရွှင်ရွှင် နေချင်ပါတယ်ဆို
အတ္တကြီးသလိုများ ဖြစ်သွားမလား......

"Luhan.....annyeong"

"Annyeong......အခန်းထဲ Soo
ရောက်နေပြီလား"

"ရောက်နေပြီ.....luhan"

"အေး အေး......ကျေးဇူးပဲ"

"Soo ရေ....."

အနားနား ကပ်ကြည့်တော့မှ
အိပ်မောကျနေရှာတဲ့ ကျနော့်သူငယ်ချင်းလေး......

ဖြစ်သမျှကိစ္စတွေအကုန် ရင်ဖွင့်ပြောပြတိုင်း
မငြီးမငြူနားထောင်ပေးပြီး အကြံတွေပါ ပေးတတ်သေးတာ......

တိုင်ပင်ဖော်.....
အကြံပေးဖော်.....
သူငယ်ချင်းကောင်း......
နှစ်ကိုယ့်တစ်စိတ်......

အင်း.....အဲ့လောက်ထိကို အရေးပါနေတဲ့ လူ

"ကြည့်......စာအုပ်တောင် မပိတ်ပဲ အိပ်ပျော်နေပြန်ပြီ"

ဘောပင်ပိတ်ပေးဖို့ အောက်ပြုတ်နေတဲ့
ဘောပင်အဖုံးကို ငုံ့ကောက်ပေးပြီး
ပြန်စွတ်ကာ တပ်ပေးလိုက်သည်......

•~ ENDLESS ~•Where stories live. Discover now