"ဟင်.....Innie"

ရန်ခုန်အောင် လာခဲ့ပါ့လို့ တမင်
ပြောထားခဲ့ပြီး ခုမြင်တွေ့နေရမယ့်
ကျနော့်ပုံစံက သိပ်တော့ မဟုတ်သေး......

"Innie......ငါ"

"ထမင်းမစားရသေးဘူးဆို Hannie
ကိုယ် samchom ဆီက အကုန် သိပြီးပြီ
အောက်မဆင်းချင်ရင် ကိုယ်
အပေါ်ကို ထမင်းယူလာခဲ့မယ်နော်
စားမယ်မလား......"

"ဟုတ်.....စားမယ်"

စိတ်ထဲ အဆင်မပြေသေးပေမဲ့
ကျနော် စိတ်ပါလက်ပါ ရီပြဖြစ်တယ်......
ဒီလောက်တော့ အလိုက်သိဖို့ လိုမယ်လေ

Innie ထွက်သွားတာနဲ့ ရှုပ်ပွနေတဲ့
အခန်းအခြေအနေကို ရှင်းဖို့ အသိက
ခေါင်းထဲ ရောက်လာတယ်.....

နေရာကနေ ထပြီး တံခါးဖက်ကို
လျှောက်လာတော့ မှန်ကွဲစတွေ.....

Stand တစ်ခုကို ကောက်ယူပြီး
ကြည့်လိုက်တော့ အက်ကွဲကြောင်းတွေ
အပြည့်နဲ့ ကျနော်တို့ရဲ့ အမှတ်တရတွေ......

ဪ.....ကွဲသွားပြီလားလို့
ရေရွတ်မိတဲ့ ခဏမှာ
နှမြောတသခြင်းတွေ မပါဝင်ခဲ့တော့......

အင်း......ဒီလိုပါပဲ
ကိုယ့်ကိုကိုယ်လည်း ချစ်တတ်ဦးမှပေါ့

တံခါးဝမှာ ပြန့်ကျဲနေတဲ့ မှန်ကွဲစတွေကို
ကောက်ပြီး ရှင်းဖို့ အလုပ်......

"Hannie......မလုပ်နဲ့
ကိုယ် လုပ်ပေးမယ်"

"မလုပ်ခိုင်းရက်ပါဘူး......ကိုယ့်အချစ်ကလေးကို"

"အာ.....လာ စနေတယ်
အကောင်း ပြောတာကို"

"ခွိ.....ထမင်းစားမယ်လေ
Hannie ကို ခွံ့ကျွေး"

အိပ်ရာဘေးက ခုံပုလေးပေါ်
အမြန်ပြေးထိုင်လိုက်ပြီး
Innie ကိုပါ လာထိုင်ဖို့
ဘေးက ခုံကို ပုတ်ပြလိုက်တယ်......

"ပါးစပ်ဟ.....အာ"

"အာ......"

သူ့ကို စချင်လို့ "အာ"လို့ အော်ပြီး
မျက်စိစုံမှိတ်ထားမိတဲ့ တခဏမှာ
ဖွင့်ထားတဲ့ပါးစပ်ထဲ ထမင်းလုတ်အစား
သူ့ လျှာခပ်နွေးနွေးလေး
ဝင်ရောက် နေရာယူလာခဲ့တယ်......

ရုတ်တရက် လန့်သွားတာကြောင့်
မျက်လုံးဖွင့်ကြည့်ဖို့ လုပ်ပေမဲ့
သူ့လက်ဖဝါးနုတစ်ဖက်က
လည်ပင်းကနေ ထိန်းကိုင်လိုက်ပြီမို့
လှုပ်ရှားလို့ မရတော့တဲ့ အခြေအနေ......

•~ ENDLESS ~•Where stories live. Discover now