အမှတ်တရတွေ အကုန်လုံးကိုလည်း
ကျနော့်ဆီ ပို့ပစ်လိုက်တယ်ပေါ့.....
အဲ့လောက်ထိ လိုလို့လား......

ကိုယ်က အနိုင်နဲ့ပိုင်းချင်လို့
ဦးအောင် ထားခဲ့ပါတယ်ဆိုမှ
ခင်ဗျားရဲ့ ကျနော့်ရင်ကို
အစိမ်းလိုက် ပြန်ခွဲတယ်ပေါ့.....

သူ ငါ့ကို တခါလေးများတောင်
မြတ်မြတ်နိုးနိုး မချစ်ခဲ့ဖူးဘူးလားဆိုတဲ့
အတွေးက ခေါင်းထဲ ရောက်လာတော့
လက်သီးကို တင်းတင်းဆုပ်လိုက်မိရင်း
မျက်ရည်က ကျလာတယ်......

ဒေါသတွေနဲ့အတူ ယူကျုံးမရဖြစ်လွန်းလို့
photo stand တွေကို အခန်းတံခါးဝဆီ
ကောက်ပေါက်ပစ်မိတဲ့အထိ......

ကိုယ်က သူမနက်စာ စားရပါ့မလားဆိုပြီး
စိတ်ပူပေးနေချိန်မှာ သူကတော့ဖြင့်
ကျနော့်ရင်ကိုခွဲဖို့ ပြင်ဆင်နေခဲ့တယ်ပေါ့......

ကျနော်က ရူးနေအောင် ချစ်ရပါရဲ့သားနဲ့
သူက ရင်ထဲတောင် မရှိခဲ့ဘူးပေါ့.....အဲ့လိုလား

သူသာဆို ဒါတွေကို မလွှင့်ပစ်နိုင်လောက်ဘူးလို့
တွေးပြီး ဒီပစ္စည်းတွေ ကျနော့်ဆီ ပို့လိုက်တာမလား
ဟင်း......ခင်ဗျား မကောင်းတဲ့လူ

မျက်ရည်တွေလည်း တိတ်သွားပြီး
ငူငူငိုင်ငိုင် ထိုင်နေမိတာ အချိန်တွေ
ဘယ်လောက်ရှိနေပြီမှန်းလည်း မသိတော့......

ရင်ထဲ တဆစ်ဆစ်နဲ့ နာတယ်......

ပိုချစ်တဲ့လူက ကိုယ် ဖြစ်ခဲ့ရတော့
အချစ်တွေက တန်ဖိုးထား မခံခဲ့ရတာ
မဆန်းပါဘူးလေ......
ကျနော် သိပ်အပေါစားဆန်ခဲ့တယ်မလား

နောင်တတွေ တပုံတပင် အပြင်
သိပ်ချစ်တတ်ခဲ့တဲ့ ကိုယ့်နှလုံးသားကိုပါ
မုန်းတီးစွာနဲ့ စိတ်နာတယ်......

အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့.....
ခု ကျနော် ခင်ဗျားကို
မုန်းစပြုနေပြီထင်တယ်......

မချစ်တော့တာလားဆို မဟုတ်ဘူး......
အမှတ်တရတွေ များခဲ့တဲ့အပြင်
ရင်ထဲအသည်းထဲက နင့်နေအောင်
ချစ်ခဲ့တာမို့ ခုထိ အချစ်တွေ ကျန်ပါသေးတယ်
ဒါမဲ့ တကယ် မုန်းတယ်.....

"Hannie......"

တံခါးကို ဖြည်းဖြည်းတွန်းဖွင့်ရင်း
ဝင်လာတဲ့ သူ......

•~ ENDLESS ~•Where stories live. Discover now