"ရတယ် samchom......မသယ်ပါနဲ့
ပန်းကန်တွေသာ ဆေးပေးမလားဟင်
သားလည်း စားလို့ပြီးပြီ"

"ဪ......အေးပါ
ဂရုစိုက် သယ်ဦးနော်"

Luggage ကြီးကို လှေကားတစ်လျှောက်
မ တင်လာရင်း ပါးစပ်ထဲက ထမင်းတွေကို
ကျေညှက်အောင် အညှိုးတကြီး
ဝါးနေမိတော့တာ......

အခန်းတံခါးကို ခြေထောက်နဲ့
ခပ်ဆောင့်ဆောင့် ကန်ဖွင့်လိုက်တယ်......

ဘာကိုမှန်းမသိ.....စိတ်ထဲ အလိုမကျ

အောက်တခါ ပြန်ဆင်းပြီးတော့
စက္ကူဗုံးတွေ သယ် ပြန်တက်လာတဲ့အချိန်မှာ
နည်းနည်းပြင်းလာတဲ့ ခြေသံကြောင့်
ကိုယ့်ကိုကိုယ် အံ့သြယူရတဲ့အထိ......

မမျှော်လင့်ထားတဲ့ အခြေအနေလည်း
မဟုတ်ပါပဲနဲ့လေ......

Oh Sehun ဆိုတဲ့လူဟာ အရင်ထဲက
ဒီလိုမျိုး သွေးအေးတတ်မှန်း
ကျနော့်ကိုဆို တန်ဖိုးထား မချစ်တတ်မှန်း
အရင်ထဲက သိနှင့်နေပြီးသား......

ဒါတောင် ခုချိန်မှာ
ရင်ဘတ်ထဲက အောင့်လာသေးတယ်......

Luggage ကို အရင်ဖွင့်လိုက်တော့
ကျနော့်ရဲ့ အဝတ်အစားတွေ အကုန်ပဲ
ဆင်တူဝတ်ခဲ့ဖူးတဲ့ couple shirt တွေအစ......
ယုတ်စွအဆုံး အတွင်းခံဘောင်းဘီတောင်
တထည်မကျန်ခဲ့စေရ......

ဪ.......စေ့စပ်နေတတ်လိုက်တာဆိုတဲ့
ဘဝင်မကျမှုတစ်ခုနဲ့ ခပ်ပါးပါး ပြုံးဖြစ်တယ်......

သူ ခရီးထွက်ရတိုင်း ကျနော်က
ခရီးဆောင်အိတ်ပြင်ပေးခဲ့ရပြီး
သူ ကျနော့်အတွက် ပထမဆုံးအကြိမ်
ပြင်ဆင်ပေးဖြစ်ခဲ့တဲ့ အဝတ်အစားအိတ်ကတော့
ခုလို ခမ်းနားနေပါတယ်လေ......

စက္ကူဗုံးတွေထဲမှာက သူ ကျနော့်ကို
ဝယ်ပေးထားခဲ့တဲ့ အရုပ်တွေ......
အိမ်ရှေ့မှာ ထောင်ထားဖြစ်ခဲ့တဲ့
photo stand တွေ......
သူ့ကို ရည်စူးပြီး ရေးထားခဲ့တဲ့
ကျနော့် diary စာအုပ်တွေ......
ပြီးတော့ ကျောင်းစာအုပ်တွေရယ်......

ဒီလိုပဲလား......
ကျနော့်အသုံးအဆောင်တွေကို
ခင်ဗျားအိမ်ကနေ ရှင်းထုတ်ပစ်လိုက်သလို
ခင်ဗျားရဲ့ နှလုံးသားထဲမှာရော
ကျနော် မရှိတော့ဘူးတဲ့လား......

•~ ENDLESS ~•Tempat cerita menjadi hidup. Temukan sekarang