"ဟုတ်ကဲ့ပါ.....samchom ရယ်"
"Ting Tong.....Ting Tong"
"ဘယ်သူလာတာလဲ မသိဘူး.....
သား သွားကြည့်လိုက်မယ်"
"နေ နေ.....သား စားနေ
Samchom သွားမယ်"
Samchom ပြင်ပေးထားတဲ့ မနက်စာကို
အဆင်သင့်စားနေရတော့ ဘာမဆိုင်ညာမဆိုင်
ခေါင်းထဲကို ဟိုလူကြီးက ရောက်လာတယ်......
ကျနော်က အမြဲ မနက်စာပြင်ကျွေးခဲ့ရတာမို့
အခုဆို သူစားမှ စားရပါ့မလား.......
ဘာမှမစားပဲ ရုံးသွားတက်နေရမှာလား......
တော်ပြီ.....ဒီအတွေးတွေ
ခေါင်းထဲက ဖျောက်ရမယ်
ခေါင်းကို ခပ်ဆတ်ဆတ်
ခါယမ်းလိုက်တဲ့အချိန်
ဘေးနားမှာ ချထားတဲ့ ဖုန်းက
msg noti ဝင်လာတယ်.......
ဖွင့်ဖတ်ကြည့်တော့ Innie ရယ်.....
Morning.....Hannie ဆိုတဲ့
နှုတ်ဆက်စကားလေးရယ်......
ဒီနေ့ကျောင်းပိတ်တာမို့
သူလွမ်းနေရတော့မှာပဲဆိုတဲ့
အကြောင်းကြားမှုလေးရယ်......
မနက်စာသေချာစားနော်ဆိုတဲ့
သတိပေးမှုလေးရယ်......
အများကြီးချစ်တယ်နော် ဆိုတဲ့
ရင်ခုန်တမ်းချင်းလေးရယ်.......
ရင်ထဲ လှိုက်ခနဲ နွေးသွားပြီး
မျက်နှာပေါ်မှာ အပြုံးကြီးတစ်ခုက
နေရာလာယူတယ်......
"လွမ်းလွန်းရင် အိမ်ကို လာခဲ့လေ
Hannie စောင့်နေသားပဲ"လို့ သူ့ရင်ထဲ
ကလိကလိ ဖြစ်သွားစေမယ့် msg တစ်စောင်
ပြန်ပို့လိုက်တယ်......
"သားရေ......ခဏ"
အိမ်ရှေ့ကနေ Samchom က
လှမ်းခေါ်နေတာမို့ ထမင်းကြော်တစ်လုတ်
ပါးစပ်ထဲ ထည့်ပြီး ထွက်လာလိုက်တယ်.......
အိမ်ရှေ့ကို ရောက်တော့ luggage
ခပ်ကြီးကြီး တစ်လုံးရယ် စက္ကူဗုံး
နှစ်ဗုံးရယ်ကို တွေ့လိုက်တော့
ဗလုံးဗထွေးနဲ့ လှမ်းမေးရင်း......
"ဘာတွေလဲ......samchom"
"Oh Sehun ပို့လိုက်တာတဲ့......သား"
အံ့သြမှု အမူအရာတစ်ခုမှ လုပ်မရတော့အောင်
လူက စွန့်အသွားမိတဲ့ တစ်ခဏအချိန်လေး......
အမှတ်တရတွေကို မုန်းသလား......လူကြီး
"သား အခန်းထဲ ထားမယ်မလား
လာ.....Samchom ဝိုင်းသယ်ပေးမယ်"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 22
Start from the beginning
