"အင်းပါ.....ဒီနေ့ လိုက်ပို့ပေးမယ်
ဟုတ်ပြီလား....."
"လူကြီး......"
"ဗျာ....."
"ဗျာ"လို့ ထူးတဲ့ ပုံစံလေးကအစ
သိပ်ကို ချစ်ဖို့ကောင်းနေပြန်တယ်......
ဆွဲဆောင်နေပြန်တာလား......
ရုန်းမထွက်နိုင်အောင် ငြိတွယ်လွန်းတယ်......ခင်ဗျား
"Xiao Lu တို့ တကယ် လမ်းခွဲရအောင်နော်
ဒီနေ့ ကျောင်းဆင်းရင် Lu ပြန်မလာတော့ဘူး"
မထိန်းနိုင်တော့လောက်အောင်
ပျက်ယွင်းသွားတဲ့ သူ့မျက်နှာ.....
ခင်ဗျားလည်း နာကျင်နေရဲ့သားနဲ့.....
ကျနော့်ကို ဆွဲထားလိုက်ပါတော့လား.....ခင်ဗျားရယ်
ခင်ဗျားအမိန့်မှန်သမျှ မလွန်ဆန်နိုင်ခဲ့တဲ့
ကျနော်က ထွက်မသွားရဘူးလို့ ခင်ဗျား
ပြောလာရင် ငရဲတွင်းထဲဆိုလည်း
ပျော်ပျော်ကြီး နေပေးမယ့်လူပါ.....
ခင်ဗျားကသာ လိုအပ်နေသေးတယ်ဆို
ဘယ်လောက် ရင်နာရပါစေ
ကျနော့်အချစ်တွေ ပေးနေဦးမှာပေါ့......
"တကယ် ဆုံးဖြတ်ပြီးပြီလား.....ကလေး"
"အင်း......တကယ်"
"ကိုယ် မရှိပဲ နေနိုင်တယ်လား"
"တူတူ ကြိုးစားကြတာပေါ့.....လူကြီး"
သူနဲ့ မျက်လုံးချင်း တည့်တည့်ဆုံစေပြီး
တလုံးချင်းစီ ကြိုးစားပြောလိုက်တယ်.....
ခင်ဗျားတောင် လုပ်နိုင်မယ့်အရာကို
ကျနော် မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး.....
ဘေးနားမှာထားပြီး နာကျင်နေရမှာထက်စာရင်
အဝေးက ချစ်သွားတာပဲ ပိုကောင်းမယ်လို့
ခင်ဗျား ကိုယ်တိုင် ပြောခဲ့ပြီးသားလေ......
ကျနော် နာကျင်ရမှာ ကြောက်လို့
မဟုတ်ဘူးနော်......လူကြီး
ပျံသန်းချင်နေတဲ့ ခင်ဗျားကို
ကျနော် လွတ်လပ်ခွင့်ပေးလိုက်ရုံပါ......
သိပ်ကို အောင်မြင်ချင်တဲ့ ခင်ဗျားအတွက်
ကျနော်က အနှောင်အဖွဲ့ဖြစ်နေလည်း
နောက်ဆုတ်ပေးရုံပဲပေါ့......
ခင်ဗျားရဲ့ ချစ်ပုံချစ်နည်းတွေကို
နားလည်လာတဲ့ တစ်နေ့ကျ
ခွဲခွာခဲ့ခြင်း အတွက်
နောင်တများရမိမလားလို့လည်း
ကျနော် တွေးကြောက်မိပါတယ်......
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 19
Start from the beginning
