မျက်ရည်စက်တချို့ သူ့အကျႌပေါ်
စွန်းထင်းကုန်တယ်.....

နာကျင်လိုက်တာ.....ခင်ဗျားရယ်

"စားရအောင်လေ.....ကလေး
ခေါက်ဆွဲတွေ ပွကုန်မယ်"

တစ်ယောက်နဲ့ တစ်ယောက်
သေချာပေါက်ကို မခွဲနိုင်ကြပါရဲ့နဲ့
စည်းခံထားတဲ့ မာနတွေကြောင့်
ဘယ်သူကမှ ဆွဲမထားကြ.....

"ထွက်မသွားပါနဲ့"ဆိုတဲ့ စကားတစ်ခွန်းကို
ပြောဖို့က သူ့အတွက် အဲ့လောက်တောင်
ခက်ခဲနေသလား......

နောက်ဆုံး ကြေကွဲစွာ လက်ခံရတာက
သူ့မာနတရားတွေလောက်တောင်
ကျနော်ဟာ အရေးမပါခဲ့.....

"ကလေး မရှိရင်ရင် မနေနိုင်ပါဘူး"လို့
မုသားမည်တဲ့ စကားတစ်ခွန်း ပြောရင်တောင်
ကျနော် ကျိန်းသေပေါက် ဖက်တွယ်ထားမိတော့မှာ
သူ သိရဲ့သားနဲ့လေ......

ဒါနဲ့များတောင်......

ကျနော့်အတွက် ရည်ရွယ်ပါတယ်ဆိုတဲ့
အနာဂါတ်အစီအစဉ်တွေဟာလည်း
ကျနော်မရှိလည်းပဲ ဆက်လုပ်နေမှာလား......

ကျနော် ကောင်းစားဖို့ဆိုတဲ့ ခေါင်းစဉ်အောက်က
ရည်းစားတွေ အဖြစ် ဟန်ဆောင်နေတာကိုရော
ရပ်တန့်ပစ်လိုက်လို့ မဖြစ်ဘူးလား......
ကျနော် အလိုမတူဘူးလေ......

ခင်ဗျားကို တစ်ယောက်ထဲပဲ
ပိုင်ဆိုင်ချင်တာ ကျနော့်အတ္တလေ......
အတုအယောင်တွေဆိုရင်တောင်
လက်မခံချင်ပါဘူးရယ်......

ကျနော် နာကျင်နေရတာကို
ခင်ဗျား မြင်ရဲ့သားနဲ့လေ
လွယ်လွယ်ပဲ လျစ်လျူရှုပစ်ရက်သလား......

ကျနော် ခင်ဗျားလက်ကို ဆက်ပြီး
ဆုပ်ကိုင်ထားဖို့ရာ သိပ်ကို
ပင်ပန်းလွန်းနေပြီ.....လူကြီး

"စားလေ.....ကလေး
စားမကောင်းဘူးလား"

"Lu တစ်ခု တောင်းဆိုစရာရှိတယ်
လိုက်လျောပေးမလား....."

"ဟင်.....ပြောလေ ဘာလဲ"

"Lu ကို ဒီနေ့ ကျောင်းလိုက်ပို့ပေး"

"ဟက်.....ဘာများလဲလို့ ကလေးရယ်
လိုက်ပို့ပေးမှာပေါ့"

"တခါမှဖြင့် မပို့ပေးဘူးပဲနဲ့"

•~ ENDLESS ~•Where stories live. Discover now