ရှုံးနိမ့်ပါရစေ......
သူ့ရဲ့ အဖိုးတန် မာနတွေကြား......

နောက်ဆုံးသောအကြိမ်အဖြစ်
ကျနော် မိုက်မဲပါရစေတော့......

"နောက်ဆုံး အနမ်းပါ.....လူကြီး
ကျနော် သွားတော့မယ်"

"ပျော်ရွှင်ပါစေ.....ကလေး"

ကားတံခါးပိတ်သံ အဆုံးမှာ
ခင်ဗျားဟာ အဝေးကို ပြေးထွက်သွားခဲ့ပြီ......

ကျနော် ပြန်လှည့်ကြည့်လာမယ့်
အချိန်ကိုတောင် မစောင့်တော့ပဲ
ခင်ဗျားက ဦးအောင် ကျောခိုင်းခဲ့တယ်......

သာပါတယ်.....ခင်ဗျားရယ်
အဆုံးသတ်မှာတောင် ခင်ဗျား
နိုင်နေဆဲပါပဲ......

ခင်ဗျားအပေါ် ထားရှိတဲ့
အချစ်တွေ အကုန်လုံးကို
ထာဝရ မြှုပ်နှံလိုက်ပါပြီ......

ခင်ဗျားလည်း ပျော်ရွှင်နိုင်ပါစေ......

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

စွန့်လွှတ်ခြမ်းလမ်းကို တူတူလျှောက်ခဲ့ခြင်းဟာ
ပျော်ရွှင်ရဖို့လို့ ကျနော်တို့ အထင်မှားခဲ့ကြသည်~~~~~

လမ်းအဆုံးမှာတော့ ပဲ့ကြွေနေတဲ့
နှလုံးသားတွေဟာ တပိုင်းတစ
ပြန့်ကျဲကြေမွနေခဲ့သည်~~~~~

နောင်တရစွာ နောက်ပြန်လှည့်ကြည့်မိချိန်မှာ
ကျနော်ဟာ အဆုံးမရှိသော အချစ်ထောင်ချောက်ထဲ
ပြုတ်ကျသေဆုံးနေခဲ့ပြီဖြစ်လေသည်~~~~~

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

To be continued......

[Unicode]

မနက်ခင်း နေရောင်ခြည်က
မှန်ပြတင်းကတစ်ဆင့် အိပ်ခန်းထဲကို
တိုးဖောက်ဝင်ရောက်လာတယ်......

တစ်ညလုံး ငိုထားခဲ့တာမို့
ကျိမ်းစပ်နေတဲ့ မျက်ခုံးမို့မို့တွေက
နေရောင်ကို မခံနိုင်စွာ လူးလွန့်လာကြတယ်......

"ဟင်.....အွန်းးးး"

အညောင်းပြေ အညာပြေ
အကြောဆန့်ကြည့်တော့
ဘေးက နေရာမှာက အလွတ်......

သူ အိပ်ခဲ့တဲ့နေရာကို လက်နဲ့
ခပ်ဖွဖွ ပွတ်သပ်မိတော့
အေးတိအေးစက်......

ထသွားတာများ ကြာပြီလား......

ဘေးဘက်အသာ လှည့်တော့
သူ့ ခေါင်းအုံးပေါ် မျက်နှာအပ်မိတယ်......
ခေါင်းလိမ်းဆီအနံ့လေးက နှာဖျားဝထိ
လာရောက် ကလူကျီဆယ်တော့
လူက မျက်ရည်ဝဲတယ်......

•~ ENDLESS ~•Where stories live. Discover now