မငိုချင်တော့ဘူး.....
ဒီနေ့ ပြီးရင်တော့ မငိုပါရစေနဲ့တော့.....

ကျောင်း uniform ကို ရေချိုးခန်းထဲမှာပဲ
တခါထဲဝတ်ပြီး ထွက်လာခဲ့လိုက်တယ်......

ကျနော် ထွက်လာတော့ လူကြီးက
necktie စီးဖို့ လုံးပမ်းနေလေတယ်......

"လာ.....Lu စီးပေးမယ်"

Necktie လေး တစ်ခုကို
သေသပ်အောင် စီးတတ်ဖို့
ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့တာတွေက
တကယ်ကို အကျိုးရှိလှပါတယ်.....

"အင်း.....ရပြီ"

"ပြီးပြီမလား.....ကလေး သွားမယ်လေ"

အိမ်က ထွက်လာပြီး ကားပေါ် ရောက်တဲ့အထိ
စကားတစ်ခွန်း မဆိုမိကြ......

နာကျင်မှုတွေက ဆွံ့အစေတယ် ထင်ပါရဲ့......

ကားမောင်းတိုင်း ကျနော့်လက်ကို
ကိုင်ထားတတ်တဲ့ သူ့အကျင့်လေးကတော့
မပျက်မကွက်ပါပဲရယ်......
သိမ်မွေ့စွာ ဆုပ်ကိုင်ထားမြဲ.....

ကျောင်းနားကို ရောက်လာတော့
သက်ပြင်းမောတစ်ခုကို ချမိတယ်......

တစ်ဘဝလုံးစာ ဝေးရတော့မယ်ဆိုတဲ့ အသိ......

နောက်ဆုံးအချိန်အထိ ခင်ဗျားမာနတွေနဲ့
ခင်ဗျား တင်းခံနေဦးမှာပဲလား......

ကျနော် ဒီလောက်ထိ လုပ်ပြနေတာဟာ
သရုပ်ဆောင်နေတာမဟုတ်ဘူးလို့
ခင်ဗျား နားလည်ဖို့ ကောင်းပြီလေ......

တကယ်ပဲ ကျနော်နဲ့ ဝေးချင်နေတာလား.......

"ရောက်ပြီ.....ကလေး"

သွားတော့လို့ နှင်ချင်နေတာလား.....ခင်ဗျား

ကျနော့်အပေါ် နည်းနည်းလေးတောင်
အားနာစိတ် မဖြစ်မိဘူးလား......

အဟက်......ခင်ဗျားရယ်
သိပ်ကို လူကြီးလူကောင်း ဆန်လွန်းနေတယ်

ကျနော် သူ့မျက်နှာနားတိုးလို့
နှုတ်ခမ်းပါးတွေကို ဆွဲယူနမ်းရှိုက်ပလိုက်တယ်......

ချိုမြိန်မလိုနဲ့ သိပ်ကို ခါးသက်တယ်.......

ယစ်မူးပါရစေ.....
နောက်ဆုံး အနမ်းတစ်ခုမှာ......

သာယာပါရစေ......
သူ့ရဲ့ မရိုးနိုင်တဲ့ အထိအတွေ့တွေမှာ......

ပျော်ဝင်ပါရစေ.......
သူ့ရဲ့ လူသားမဆန်တဲ့ အချစ်တွေကြား......

•~ ENDLESS ~•Where stories live. Discover now