ခင်ဗျားတောင် လုပ်နိုင်မယ့်အရာကို
ကျနော် မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး.....

ဘေးနားမှာထားပြီး နာကျင်နေရမှာထက်စာရင်
အဝေးက ချစ်သွားတာပဲ ပိုကောင်းမယ်လို့
ခင်ဗျား ကိုယ်တိုင် ပြောခဲ့ပြီးသားလေ......

ကျနော် နာကျင်ရမှာ ကြောက်လို့
မဟုတ်ဘူးနော်......လူကြီး

ပျံသန်းချင်နေတဲ့ ခင်ဗျားကို
ကျနော် လွတ်လပ်ခွင့်ပေးလိုက်ရုံပါ......

သိပ်ကို အောင်မြင်ချင်တဲ့ ခင်ဗျားအတွက်
ကျနော်က အနှောင်အဖွဲ့ဖြစ်နေလည်း
နောက်ဆုတ်ပေးရုံပဲပေါ့......

ခင်ဗျားရဲ့ ချစ်ပုံချစ်နည်းတွေကို
နားလည်လာတဲ့ တစ်နေ့ကျ
ခွဲခွာခဲ့ခြင်း အတွက်
နောင်တများရမိမလားလို့လည်း
ကျနော် တွေးကြောက်မိပါတယ်......

"ကိုယ် ရေသွားချိုးဦးမယ်"

"ဟင်.....အင်း ချိုးလေ"

"မြန်မြန် စားနော်"

ရင်တွေ နာရလွန်းလို့ ထင်ပါ့
ခေါက်ဆွဲက မစားနိုင်ပဲ ရင်ခံနေတယ်.....
ဒါမဲ့ သူလုပ်ကျွေးတဲ့ နောက်ဆုံးလက်ရာဆိုတဲ့
အသိကြောင့် မျက်ရည်ဝေဝေဝါးဝါးတွေ ကြားမှာ
ကျနော် အားရပါးရ သုံးဆောင်ဖြစ်ခဲ့တယ်......

စားသောက်ဆေးကြောပြီးတော့
ကျနော် အခန်းထဲ ပြန်ဝင်လာတဲ့အထိ
လူကြီးက  ရေချိုးလို့ မပြီးသေး......

သူ ဝတ်ဖို့ suit တစ်စုံ ထုတ်ပေးပြီး
necktie ရွေးတော့ လူက
မမြိုသိပ်နိုင်စွာ မျက်ရည်ကျပြန်တယ်......

ကျနော် သိပ်ကြိုက်တဲ့ အပြာနုရောင်လေးက
ကျနော့်ရဲ့ နောက်ဆုံး ဖူးမျှော်ခွင့်လေးမှာ သူနဲ့
သိပ်ကို လိုက်ဖက်လွန်းနေမှာပါလေ......

"ရပြီ ကလေး.....လာချိုးတော့"

သဘက်ပိုင်းလေးသာ ပတ်ပြီး
ထွက်လာတဲ့ သူဟာ အရမ်းကို
ဆွဲဆောင်မှုအားပြင်းလွန်းနေတာမို့
ရှက်ရွံ့စွာ မျက်နှာလွဲမိတယ်......

ဒီနေ့က စပြီး ဒီလူကို ဘယ်တော့မှ
ကျနော် လောဘတက်ခွင့်မရှိတော့......

ထိန်းမနိုင် သိမ်းမရ မျက်ရည်တွေဟာ
ရေပန်းအောက်မှာလည်း နာကျင်စွာ
ကျဆင်းနေကြတုန်းပဲ.....

•~ ENDLESS ~•Where stories live. Discover now