ကျနော် နာကျင်နေရတာကို
ခင်ဗျား မြင်ရဲ့သားနဲ့လေ
လွယ်လွယ်ပဲ လျစ်လျူရှုပစ်ရက်သလား......

ကျနော် ခင်ဗျားလက်ကို ဆက်ပြီး
ဆုပ်ကိုင်ထားဖို့ရာ သိပ်ကို
ပင်ပန်းလွန်းနေပြီ.....လူကြီး

"စားလေ.....ကလေး
စားမကောင်းဘူးလား"

"Lu တစ်ခု တောင်းဆိုစရာရှိတယ်
လိုက်လျောပေးမလား....."

"ဟင်.....ပြောလေ ဘာလဲ"

"Lu ကို ဒီနေ့ ကျောင်းလိုက်ပို့ပေး"

"ဟက်.....ဘာများလဲလို့ ကလေးရယ်
လိုက်ပို့ပေးမှာပေါ့"

"တခါမှဖြင့် မပို့ပေးဘူးပဲနဲ့"

"အင်းပါ.....ဒီနေ့ လိုက်ပို့ပေးမယ်
ဟုတ်ပြီလား....."

"လူကြီး......"

"ဗျာ....."

"ဗျာ"လို့ ထူးတဲ့ ပုံစံလေးကအစ
သိပ်ကို ချစ်ဖို့ကောင်းနေပြန်တယ်......

ဆွဲဆောင်နေပြန်တာလား......
ရုန်းမထွက်နိုင်အောင် ငြိတွယ်လွန်းတယ်......ခင်ဗျား

"Xiao Lu တို့ တကယ် လမ်းခွဲရအောင်နော်
ဒီနေ့ ကျောင်းဆင်းရင် Lu ပြန်မလာတော့ဘူး"

မထိန်းနိုင်တော့လောက်အောင်
ပျက်ယွင်းသွားတဲ့ သူ့မျက်နှာ.....
ခင်ဗျားလည်း နာကျင်နေရဲ့သားနဲ့.....

ကျနော့်ကို ဆွဲထားလိုက်ပါတော့လား.....ခင်ဗျားရယ်

ခင်ဗျားအမိန့်မှန်သမျှ မလွန်ဆန်နိုင်ခဲ့တဲ့
ကျနော်က ထွက်မသွားရဘူးလို့ ခင်ဗျား
ပြောလာရင် ငရဲတွင်းထဲဆိုလည်း
ပျော်ပျော်ကြီး နေပေးမယ့်လူပါ.....

ခင်ဗျားကသာ လိုအပ်နေသေးတယ်ဆို
ဘယ်လောက် ရင်နာရပါစေ
ကျနော့်အချစ်တွေ ပေးနေဦးမှာပေါ့......

"တကယ် ဆုံးဖြတ်ပြီးပြီလား.....ကလေး"

"အင်း......တကယ်"

"ကိုယ် မရှိပဲ နေနိုင်တယ်လား"

"တူတူ ကြိုးစားကြတာပေါ့.....လူကြီး"

သူနဲ့ မျက်လုံးချင်း တည့်တည့်ဆုံစေပြီး
တလုံးချင်းစီ ကြိုးစားပြောလိုက်တယ်.....

•~ ENDLESS ~•Where stories live. Discover now