မီးဖိုခန်းထဲ ဝင်လာတော့ ကျနော် ကြိုက်တဲ့
ချဉ်စပ်ခေါက်ဆွဲပြုတ်နံ့က သင်းခနဲ......

"လူကြီး....."

"ကလေး နိုးပြီလား"

"အင်း.....ခေါက်ဆွဲ ပြုတ်နေတာလား"

"ကိုယ် စောပြီး နိုးနေလို့လေ
လာထိုင်.....ခဏနေဆို ရပြီ"

မီးဖိုဘက်ကို ပြန်လှည့်သွားတာမို့
မြင်နေရတဲ့ သူ့ကျောပြင်ပြန့်ပြန့်......

အနောက်ဖက်ကနေ သိုင်းဖက်လိုက်ရင်း......

"ဘာလဲ.....ကလေး"

"ခဏ.....ဒီလိုလေး နေချင်လို့"

ရင်ခွင်ထဲ တိုးဝင် ငိုကြွေးရတာ
အားမရလို့ ကျောပြင်ပေါ်
မှီတွယ်ပြီးတောင် ငိုချင်နေသေးတာ......

မျက်ရည်စက်တချို့ သူ့အင်္ကျီပေါ်
စွန်းထင်းကုန်တယ်.....

နာကျင်လိုက်တာ.....ခင်ဗျားရယ်

"စားရအောင်လေ.....ကလေး
ခေါက်ဆွဲတွေ ပွကုန်မယ်"

တစ်ယောက်နဲ့ တစ်ယောက်
သေချာပေါက်ကို မခွဲနိုင်ကြပါရဲ့နဲ့
စည်းခံထားတဲ့ မာနတွေကြောင့်
ဘယ်သူကမှ ဆွဲမထားကြ.....

"ထွက်မသွားပါနဲ့"ဆိုတဲ့ စကားတစ်ခွန်းကို
ပြောဖို့က သူ့အတွက် အဲ့လောက်တောင်
ခက်ခဲနေသလား......

နောက်ဆုံး ကြေကွဲစွာ လက်ခံရတာက
သူ့မာနတရားတွေလောက်တောင်
ကျနော်ဟာ အရေးမပါခဲ့.....

"ကလေး မရှိရင်ရင် မနေနိုင်ပါဘူး"လို့
မုသားမည်တဲ့ စကားတစ်ခွန်း ပြောရင်တောင်
ကျနော် ကျိန်းသေပေါက် ဖက်တွယ်ထားမိတော့မှာ
သူ သိရဲ့သားနဲ့လေ......

ဒါနဲ့များတောင်......

ကျနော့်အတွက် ရည်ရွယ်ပါတယ်ဆိုတဲ့
အနာဂါတ်အစီအစဉ်တွေဟာလည်း
ကျနော်မရှိလည်းပဲ ဆက်လုပ်နေမှာလား......

ကျနော် ကောင်းစားဖို့ဆိုတဲ့ ခေါင်းစဉ်အောက်က
ရည်းစားတွေ အဖြစ် ဟန်ဆောင်နေတာကိုရော
ရပ်တန့်ပစ်လိုက်လို့ မဖြစ်ဘူးလား......
ကျနော် အလိုမတူဘူးလေ......

ခင်ဗျားကို တစ်ယောက်ထဲပဲ
ပိုင်ဆိုင်ချင်တာ ကျနော့်အတ္တလေ......
အတုအယောင်တွေဆိုရင်တောင်
လက်မခံချင်ပါဘူးရယ်......

•~ ENDLESS ~•Where stories live. Discover now