"ကိုယ် ရေသွားချိုးဦးမယ်"

"ဟင်.....အင်း ချိုးလေ"

"မြန်မြန် စားနော်"

ရင်တွေ နာရလွန်းလို့ ထင်ပါ့
ခေါက်ဆွဲက မစားနိုင်ပဲ ရင်ခံနေတယ်.....
ဒါမဲ့ သူလုပ်ကျွေးတဲ့ နောက်ဆုံးလက်ရာဆိုတဲ့
အသိကြောင့် မျက်ရည်ဝေဝေဝါးဝါးတွေ ကြားမှာ
ကျနော် အားရပါးရ သုံးဆောင်ဖြစ်ခဲ့တယ်......

စားသောက်ဆေးကြောပြီးတော့
ကျနော် အခန်းထဲ ပြန်ဝင်လာတဲ့အထိ
လူကြီးက  ရေချိုးလို့ မပြီးသေး......

သူ ဝတ်ဖို့ suit တစ်စုံ ထုတ်ပေးပြီး
necktie ရွေးတော့ လူက
မမြိုသိပ်နိုင်စွာ မျက်ရည်ကျပြန်တယ်......

ကျနော် သိပ်ကြိုက်တဲ့ အပြာနုရောင်လေးက
ကျနော့်ရဲ့ နောက်ဆုံး ဖူးမျှော်ခွင့်လေးမှာ သူနဲ့
သိပ်ကို လိုက်ဖက်လွန်းနေမှာပါလေ......

"ရပြီ ကလေး.....လာချိုးတော့"

သဘက်ပိုင်းလေးသာ ပတ်ပြီး
ထွက်လာတဲ့ သူဟာ အရမ်းကို
ဆွဲဆောင်မှုအားပြင်းလွန်းနေတာမို့
ရှက်ရွံ့စွာ မျက်နှာလွဲမိတယ်......

ဒီနေ့က စပြီး ဒီလူကို ဘယ်တော့မှ
ကျနော် လောဘတက်ခွင့်မရှိတော့......

ထိန်းမနိုင် သိမ်းမရ မျက်ရည်တွေဟာ
ရေပန်းအောက်မှာလည်း နာကျင်စွာ
ကျဆင်းနေကြတုန်းပဲ.....

မငိုချင်တော့ဘူး.....
ဒီနေ့ ပြီးရင်တော့ မငိုပါရစေနဲ့တော့.....

ကျောင်း uniform ကို ရေချိုးခန်းထဲမှာပဲ
တခါထဲဝတ်ပြီး ထွက်လာခဲ့လိုက်တယ်......

ကျနော် ထွက်လာတော့ လူကြီးက
necktie စီးဖို့ လုံးပမ်းနေလေတယ်......

"လာ.....Lu စီးပေးမယ်"

Necktie လေး တစ်ခုကို
သေသပ်အောင် စီးတတ်ဖို့
ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့တာတွေက
တကယ်ကို အကျိုးရှိလှပါတယ်.....

"အင်း.....ရပြီ"

"ပြီးပြီမလား.....ကလေး သွားမယ်လေ"

အိမ်က ထွက်လာပြီး ကားပေါ် ရောက်တဲ့အထိ
စကားတစ်ခွန်း မဆိုမိကြ......

နာကျင်မှုတွေက ဆွံ့အစေတယ် ထင်ပါရဲ့......

ကားမောင်းတိုင်း ကျနော့်လက်ကို
ကိုင်ထားတတ်တဲ့ သူ့အကျင့်လေးကတော့
မပျက်မကွက်ပါပဲရယ်......
သိမ်မွေ့စွာ ဆုပ်ကိုင်ထားမြဲ.....

•~ ENDLESS ~•Where stories live. Discover now