"နာနေလား......"

"ဟင့်အင်း.....Lu အဆင်ပြေတယ်"

အနည်းငယ် ပွယောင်းယောင်း ဖြစ်လာတဲ့
ဆံပင်တွေကို ခြောက်မခြောက် သူက
စမ်းကြည့်လေတယ်......

"သိပ်မခြောက်သေးဘူး"

"အင်း......ဒါနဲ့လေ လူကြီး
မနက်က ကျောင်းကို လာသေးလား"

"မလာပါဘူး.....ကိုယ်က ဘာလို့
လာရမှာတုန်း"

"ဪ......အင်းနော်"

"ဘာလို့လဲ......"

"ဘာမှ မဟုတ်ပါဘူး....."

"အမှန်က ကိုယ်လာခဲ့တယ်.....Xiao Lu"

အလန့်တကြား သူ့ကို မော့ကြည့်ချင်ပေမဲ့
ခေါင်းသုတ်ပေးဖို့ ရည်ရွယ်ထားတဲ့
သူ့လက်တွေဟာ ကျနော့်ကို
ခေါင်းမော့မကြည့်စေရန် အတွက်လည်း
ထိန်းချုပ်ထားတယ်.....

"အာ့ဆို ကျနော် တွေ့ခဲ့တာ
တကယ် လူကြီးပဲလား....."

"အင်း.......ဟုတ်တယ်"

"ဒါနဲ့များ....."

"ဘာလဲ Xiao Lu.....
ကိုယ့်ကို အပြစ်ပြောမလို့လား"

"Lu ဆီ ဘာလို့ မလာခဲ့တာတုန်း"

"တစ်ကျောင်းလုံးက Xiao Luhan ရဲ့
ချစ်သူက Kim Jongin လို့
သိနေကြတဲ့ဟာ ကိုယ်က
လာပြီး ဘာလုပ်ရမှာတုန်း....."

"ဒါဆို လူကြီး အကုန်သိခဲ့တာပေါ့
Lu ဘာလို့ ဒီလိုဖြစ်သွားတာလဲရော
မသိချင်ဘူးလား......"

"တချို့မေးခွန်းတွေက မေးဖို့
မလိုဘူးလေ.....Xiao Lu
ဥပမာ ကိုယ် ကျောင်းဆေးခန်းကို
လာခဲ့တုန်းက မင်းနဲ့ သူနဲ့ ဖက်နေတာတို့
ခုလည်း အိမ်ရှေ့မှာ မပြီးနိုင် မစီးနိုင်
အလွမ်းသယ်နေကြတာတို့ကို
ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်တွေ
ကိုယ် မေးမိလို့လား......"

"အဟက်......မကောင်းတဲ့ လူကြီး"

"ဘယ်သူက စပြီး မှားတာလဲ......ကလေးရယ်"

ကျနော် သူ့လက်ထဲက သဘက်ကို ဆွဲယူလိုက်တယ်
ကျောပေးထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး
သူ့ကို မျက်နှာချင်းဆိုင် စေ့စေ့ကြည့်မိတယ်......

"အင်း......Lu မှားတာလေ
အဲ့လိုတွေ မှားတော့ရော လူကြီးက
ကျနော့်ကို မချစ်ပဲ နေနိုင်လို့လား
ကျနော် မရှိပဲ နေနိုင်လို့လား......"

•~ ENDLESS ~•Where stories live. Discover now