"အင်း.....ငါ ဝင်ပြီနော်"

"စောစော အိပ်ဦး.....Hannie"

အဆင်မြင့်ကွန်ဒိုတိုက်ခန်းကြီးကို
ဝင်လိုက်ပြီဆိုတာနဲ့ စိတ်တွေက
မွန်းကြပ်လာတာ......

ကျနော် သူနဲ့ တွေ့ဖို့
အဆင့်သင့် မဖြစ်သေးဘူး......

သူပြောသမျှ ယုံပြီး
သူ့အမိန့်မှန်သမျှ ခေါင်းငြိမ့်ပေးဖို့
ခုချိန်မှာတော့ တကယ် အားမရှိသေးဘူး.......

12ထပ်မှာ တိခနဲ ရပ်သွားပြီဖြစ်တဲ့
ဓါတ်လှေကားထဲက ထွက်လာရတဲ့
ကျနော့် ခြေထောက်တွေက
လေးလေးကန်ကန်......

ဟူး.....တကယ် ပင်ပန်းတယ်

ခင်ဗျားရဲ့ အချစ်တွေက
ကျနော့်ကို ပင်ပန်းစေခဲ့ပြီ
နာကျင်စေခဲ့ပြီ......လူကြီး

အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့
ဧည့်ခန်းထဲမှာ သူ့ကို မတွေ့ရ......
စာကြည့်ခန်းထဲမှာ ထင်တယ်.....

ထားလိုက်.....ပြန်ရောက်ပြီဆိုတဲ့ အကြောင်း
သူ့ကို တကူးတက သွားပြောပြီး
မနှုတ်ဆက်ချင်တော့
ကျနော် ပြန်ရောက်လာတာ
သူ အသံကြားမှာပဲဟာ......

လန်းဆန်းသွားအောင်လို့ ခေါင်းကို
ရေလောင်းချိုးလိုက်ပေမဲ့
တစ်ဖက်တည်းပဲ အသုံးပြုလို့ရတဲ့
လက်က သိပ်ပြီး အဆင်မပြေ......

တဘက်နဲ့ ခေါင်းသုတ်ဖို့
လက်မြှောက်လိုက်တော့
ဘယ်ဘက်လက်က ဒဏ်ရာတွေက
တဆစ်ဆစ်နဲ့ နာလာတာ......

မတတ်နိုင်တော့တဲ့အဆုံး dryer နဲ့ပဲ
ခြောက်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်.....
သူ မကြိုက်ပေမဲ့ လည်းပေါ့.....

"Dryer နဲ့ မှုတ်နေပြန်ပြီလား.....ကလေး"

"ဟင်.....အင်း"

"သဘက်ပေး......ကိုယ် သုတ်ပေးမယ်"

ချစ်သူရည်းစားတွေ မဟုတ်ကြတော့တဲ့အတိုင်း
အနေအထိုင် မတတ်စွာ လူက ကျုံ့ကျုံ့ရုံ့ရုံ့......

"လက်က ဘာဖြစ်တာလဲ.....Xiao Lu"

"အင်း.....ဒီတိုင်းပါပဲ
ကျောင်းမှာ နည်းနည်း ထိခိုက်မိတာ"

"အများကြီး ထိသွားတာလား"

"မဟုတ်ပါဘူး....."

•~ ENDLESS ~•Where stories live. Discover now