ဒီတခါတော့ ကျနော်တို့
တကယ် ဝေးကြရအောင်......လူကြီးရေ
~•~•~•~•~•~•~•~•~•~•~•~•~•~•~•
အချစ်ဆိုတာ အပြန်အလှန် ချစ်နေရုံနဲ့
မပြီးဘူးလို့ ကျနော် နားလည်လာချိန်မှာ
နှလုံးသားကတော့ဖြင့် နာကျင်စွာ
လောင်ကျွမ်းနေခဲ့လေပြီ~~~~~
နားလည်မှုတွေ တည်ဆောက်ဖို့
ကြိုးစားမိချိန်မှာ ကျနော်တို့က
တံတိုင်းကြီး ခြားလို့
ဝေးကွာနှင့်နေကြပြီ~~~~~
သံသယတွေကို ဖျောက်ဖျက်ဖို့
ကြိုးပမ်းချိန်မှာ ကျနော်တို့ကြားထဲ
မုန်တိုင်းတောင် ဝင်နေခဲ့ပြီ~~~~~
ခင်ဗျားကို မုန်းမိဖို့ လုံးပမ်းနေချိန်မှာ
မသိစိတ်က ခင်ဗျားကို ခပ်ဝေးဝေး
တွန်းထုတ်နေနှင့်ပြီ~~~~~
အဆုံးသတ်မှာ
ကျနော်တို့ အေးချမ်းသွားကြမှာပါ.....
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
To be continued......
[Unicode]
ပြန်လိုက်ပို့ပေးတဲ့ Innie ကို မနှုတ်ဆက်ခင်
ကျနော် တိုက်ပေါ်ကို မော့ကြည့်လိုက်တယ်.....
အင်း.....မီးလင်း နေတာပဲ
သူ ပြန်ရောက်နေပြီပေါ့
"Innie.....သွားတော့မယ်"
"အင်း.....လက်ကို ရေမစိုစေနဲ့နော်"
"အင်းပါ.....မင်းလည်း နားဦး"
ကျနော့်ဘက်က စတင် တွဲချိတ်ခဲ့တဲ့
လက်ချင်းယှက်သွယ်မှုကို ကွာဝေးစေလိုက်ပြီး......
အမြဲတမ်း ကျနော့်ကို ကျောမခိုင်းတတ်တဲ့သူက
ခုလည်း ကျနော့်ကိုပဲ အရင်သွားဖို့ စေခိုင်းပြန်တယ်.....
တခါလောက်တော့ ငါလည်း ထွက်သွားတဲ့
မင်းကျောပြင်ကို ကြည့်ပြီး နာကျင်ဖူးချင်တယ်.....Innie
"ဒီနေ့ ဖြစ်ခဲ့တာတွေကို မေ့လိုက်ပြီးတော့
ငါပြောခဲ့တဲ့စကားကိုပဲ သေချာ စဉ်းစားပေးပါ.....
ငါ တောင်းဆိုတာပါ.....Innie"
"ကိုယ်က Hannie သာ......"
"မဟုတ်ဘူး.....Innie
မင်း အခုပြောဖို့ မလိုဘူး
စဉ်းစားပါဦး....."
"အင်းပါ......ကိုယ်က စဉ်းစားစရာမလိုဘူးလို့
ထင်ပေမဲ့ Hannie က စဉ်းစားဆိုတော့လည်း
ကိုယ် စဉ်းစားကြည့်ပါမယ်
ဒါမဲ့ Hannie.....ကိုယ်က အမြဲ ဘေးမှာ
ရှိနေပေးမှာ သိတယ်မလား"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 18
Start from the beginning
