"ကိုယ် မင်းကို အမြဲချစ်တယ်.....ကလေး"

နဖူးပြင်ပေါ် ခပ်ဖွဖွ ကြွေကျလာတဲ့
အနမ်းတစ်ခုဟာ သိမ်မွေ့စွာ နွေးထွေးနေဆဲ......

ခင်ဗျား ဘယ်အချိန်အထိ ကျနော့်အပေါ်
ကြင်နာနိုင်မှာလဲ......

ကိုယ့်ကို အမြဲ ကမ်းလင့်နေတဲ့
လက်တစ်စုံကို ဖြုတ်ဖြုတ်ချပြီး
ခင်ဗျားရဲ့ အေးစက်စက် လက်တွေကိုပဲ
ကျနော် အားကိုးတကြီး ဖက်တွယ်ခဲ့တာ......

ခင်ဗျားရဲ့ အတ္တတွေထဲ ကျနော်
လှောင်ပိတ်မနေချင်တော့ဘူး.....လူကြီး

ချစ်တယ်လို့ တဖွဖွ အပြောခံရတာထက်စာရင်
ချစ်ကြောင်းကို အမူအရာတွေကနေပဲ တစ်ဆင့်
တိုးတိတ်စွာ ပြောတတ်တဲ့ သူ့ကို ကျနော်
ပိုခင်တွယ်မိပါတယ်.......

ဒါဟာ မကွယ်မဝှက် ဝန်ခံရဲတဲ့
ကျနော့်ရဲ့ ရှက်ရွံ့မှုတစ်ခု......

အမြဲတမ်း ကျနော့်ကို ကျောခိုင်းထားတတ်တဲ့
ခင်ဗျားထက်စာရင် နောက်မှာ အချိန်ပြည့်
မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ သူ့ကို
ကျနော် ရွေးချယ်သင့်တယ်မလား.......

သေချာပါတယ်......ခင်ဗျားရယ်
ကျနော်တို့တွေ ဝေးသွားကြမှာပါ
မချစ်တော့တာမဟုတ်ပဲနဲ့
ချစ်ဖို့ကို မဝံ့ရဲတော့တဲ့ ကျနော်တို့တွေ
ဝေးကြရတော့မယ် ထင်တယ်.......

"အိပ်ကြရအောင်.....လူကြီး"

မျက်နှာချင်းဆိုင် အိပ်စက်မှုမှာ
အရင်အိပ်မောကျသွားတာက သူ......

ကျနော့်ခါးပေါ် သိုင်းဖက်ထားတဲ့
သူ့လက်ကို ခပ်ဖွဖွ ပွတ်သပ်နေမိတယ်.......

ဒီလို အခြေအနေမျိုးမှာတောင် ခုလို
အိပ်မောကျရသလားဆိုပြီးလည်း
စိတ်ထဲ မနာကျည်းချင်တော့......

စီးပွားရေးလုပ်ငန်းရှင် ပီသလွန်းတဲ့ သူဟာ
ခုလို ညဘက် အိပ်စက်အနားယူချိန်မှာ
သိပ်ကို ပင်ပန်းနေတော့မှာ မလား......

နာကျင်အောင် လုပ်နေတဲ့ တရားခံဟာ
ခင်ဗျားကိုယ်တိုင်ပဲ ဆိုတာကိုကျ
ခင်ဗျားက သတိမထားမိပဲနဲ့
နာကျင်နေချိန်မှာ နှစ်သိမ့်ပေးတဲ့လူကိုကျ
အပြစ်တင်ချင်တယ်......

•~ ENDLESS ~•Where stories live. Discover now